2☁️🦋

2.4K 208 2
                                    

🦄

Zawgi Vr//

ကောင်းကင်ပြာကြီး တိမ်တွေ ကင်းစင်ပီး လေဖြူးလေးတွေ
တိုက်ခတ်နေတဲ့ နေ့ကောင်းနေ့မြတ်လေး..! တိုင်းပြည်ရဲ့
ကယ်တင်ရှင်လေး ပေးသနားတော်မူမည့် နေ့မြတ်..!
ကောင်းကင်ကြီးဟာ ကြည်လင်လွန်း၍ လရိပ်လေးကိုတော်
ခပ်ထင်းထင်းမြင်နေရသည်...!

ယနေ့ဟာ နေမင်းနဲ့ လမင်း နပါးလုံး အတူ မြင်တွေ့ရမည့်
နေရက်ဖစ်နေသည်..!

"အရှင်ဘုရား ကောင်းချီးပေးတော်မူပါ ကျုပ်တို့ ဘဝကို
ကယ်တင်မဲ့ ဘုရင်လောင်းလေး ဖွားမြင်တော်မူပေးပါ... "

ဘုရင့် မိဘုရား ကိုယ်ဝန်စလွယ်ထဲက နေ့စဉ်ရက်စက် ဆု
တောင်းသံတွေဟာ တိုင်းပြည်အနံ့.. ရတရာချေတဲ့လူက ချေ
နတ်စဉ်မာ ဆုတောင်းသူက ဆုတောင်း...

ဒီနေ့ဟာ ဘုရင်လောင်းလေး ဖွားမြင်မဲ့ နေထူးနေ့မြတ်ပင်!
တတိုင်းပြည်လုံးရဲ့ အခြေအန ကံကြမ္မာ ဟာ ဒီနရီပိုင်းအတွင်
သာ မူတည်နေသည်..! လွန်ခဲ့တဲ့ လထဲက မိုးခေါင်ရေခြား
မှုတွေ ကြောင့် ကောက်ပဲ သီးနံတွေ ပျတ်ပီး စားနပ်ရိပ်ခါ
တွေ ကုန်ဈေးတွေပါ ထိုးတက်ကုန်တာကြောင့် ပြည်သူတွေ
အတွက် အခက်တွေ့စေခဲ့သည်....

ဘယ်လိုပဲ မိုးနတ်မင်းကို ပူဇော်ပါစေ ဆုတောင်းခြင်းဟာ အ
လုပ်မဖစ်..! မင်းကြီးကိုယ်တိုင် နဂါးပင့်ပွဲတော်တွေ ကျင်း
ပပေး နေပေမဲ့ မိုးခေါင်ရေရှားမှုဟာ ပပျောက်မသွားတဲ့ အပြင်
ကပ်ရောဂါပါ ထပ်ဖစ်တာကြောင့် တိုင်းပြည်ဟာ လုံးဝကို
အခက်တွေ့နေခဲ့သည်....

နတ်ဆရာမ ကြီးဟောတန်းအရ မိဖုရားကြီးဟာ သားတော်
လေး ဖွားမြင်ခဲ့ရင် တိုင်းပြည်ကြီး ဟာ အရာအားလုံး အဆင်
ပြေလာပီး သမီးတော်သာ ဖွားမြင်ခဲ့ရင် လုံးဝ ပျက်တုန်းသွား
မာ ဖစ်ကြောင်း.. ဟောတမ်း ထုတ်ခဲ့တာကြောင့် ပြည်သူ
တွေဟာ သားတော်လေး ဖွားမြင်ရန် နေ့စဉ်ရက်စက် ဆု
တောင်း ကြသည်...

နန်းတော်ထဲမာလဲ အရင်နေ့တွေက ထပ်ပိုပီး ရုတ်ရုတ်သဲသဲ
ဖစ်နေ၏.. မိဖုရား နန်းဆောင်ရှေ့ များစွာတဲ့ အခြွေအရံတွေ
နဲ့ မင်းမျိုးနွယ် အမတ်တွေ ရောက်နေကြ၏...

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now