Part(3)

94 8 1
                                    

Unicode

         ယုယုခင်သည် သူမကိုယ်ပိုင်စကိတ်ဖိနပ်ပန်းရောင်လေးကိုစီးရင်း ကွင်းထဲသို့ဝင်လာလေသည်။ ပထမနာရီဝက်လောက်အထိ သူမ အေးအေးလူလူစကိတ်စီးနေသေးသည်။ ကွင်းအလယ်မှ လျှောစောင်းရှိသော ကုန်းမြင့်ဆီသို့အတက် အပေါ်ဘက်မှ ဆင်းလာသော လူတစ်ယောက်နှင့် အုန်းခနဲတိုက်မိကာ လဲကျသွားလေတော့သည်။

"အဆင်ပြေရဲ့လား?"

         သူမအတော်နာသွားမည်ဟုထင်ထားမိသော်ငြား ထိုလူ၏လက်တို့သည် သူမပုခုံးနှင့်တကွ ခေါင်းကိုပါကာထားပေးသည်ကို သိလိုက်ရလေသည်။ တိုက်မိသည့်အရှိန်ကြောင့်သာ အနည်းငယ်နာသွားပြီး ဒဏ်ရာတော့မရသလောက်ပင်။

         သူမကိုဖက်ကာ ကာထားပေးသောအစ်ကိုကြီးကိုကြည့်လိုက်မိပြီးနောက် ဘေးတန်းကိုကိုင်ရင်း အမြန်ထလိုက်မိလေသည်။

"အစ်ကိုအဆင်ပြေရဲ့လားဟင်။ လက်နာသွားပြီထင်တယ်။"

"နည်းနည်းပါ။"

         ထိုအစ်ကိုကြီးသည် အရပ်အတော်ရှည်ပြီး အသားလည်းအတော်ဖြူသည်။ မေးရိုးထင်းထင်းရှိသည့်အပြင် စင်ရော်တောင်မျက်ခုံးတို့က မျက်ဝန်းစူးရှရှကို အထောက်အပံ့ပြုထားသည်။ ဖြူဖွေးနေသော အသားအရေက မျက်ဝန်းနက်နက်ကို အထောက်အပံ့ပြုထားသယောင်။ မျက်ခုံးသည်လည်းမည်းနက်နေသော်ငြား ဆံပင်ကိုတော့ အညိုရောင်ခပ်ဖျော့ဖျော့ဆိုးထားလေသည်။ ထင်ရှားသောနှာတံအောက်တွင်တော့ မထူမပါးနှုတ်ခမ်းရှိမှန်း တစ်ခနကြည့်လိုက်မိချိန်မှာပဲ သေချာမြင်လိုက်လေသည်။

"သူရိန်!!!အဆင်ပြေရဲ့လား။"

         မိုးထက်သည် ပြင်ညီသောကွင်းလယ်မှ မရမကလေးဘက်ထောက်တက်လာပြီးနောက် မေးလာတော့ သူရိန်ပြန်ဖြေရမည့်အစား ရယ်လိုက်မိလေသည်။

"မင်းပုံစံကိုလည်းကြည့်ဦး။"

"မတတ်နိုင်ဘူးလေ။ ကြမ်းပြင်က ဒီလောက်စောင်းနေတာကို။"

         သူရိန်သည် ယုယုကို ကြည့်လိုက်ရင်း အပြုံးနှင့် ပြန်ဖြေလာလေသည်။

"အစ်ကိုတကယ်အဆင်ပြေပါတယ်။ လက်နည်းနည်းပဲနာသွားတာ။"

"ဆေးခန်းပြကြည့်ဦးနော်။ မသက်သာရင်ညီမကိုပြော။ ညီမဖုန်းနံပါတ်ပေးထားလိုက်မယ်နော်။ အို… မဖြစ်သေးပါဘူး။ အစ်ကို့ဖုန်းနံပါတ်ပေးထားလိုက်။ သက်သာလားမသက်သာလား ညီမဖုန်းဆက်မေးမယ်။"

You've reached the end of published parts.

⏰ Last updated: Nov 02, 2021 ⏰

Add this story to your Library to get notified about new parts!

ချစ်ကြိုးသွယ်သွယ် ရစ်နှောင်တွယ်(ချစ်ကြိုးသွယ်သွယ် ရစ်နှောင်တွယ်)Where stories live. Discover now