Unicode

2.4K 127 13
                                    


"လွင့်ရေ...ခုထိမထသေးဘူးလားး !!"

ဒီကလေးကတော့ ၁၀တန်းရော ဟုတ်ရဲ့လား။
ကျောင်းလိုက်ကြည့်မှ ယုံကြလိမ့်မယ်။
ရပ်ကွက်ထဲက လူငယ်တိုင်းနဲ့ ဘောလုံးကန်၊
ဂစ်တာတီး အကုန်သူမပါတာမရှိပေ။ ပြောလိုက်ရင်တော့.."မျက်စိမှိတ်ဖြေတောင်အောင်တယ် အေးဆေး" ဆိုတာကလုပ်သေး။ ဒင်းကို သူ့အဖေကလဲ အဝေးမှာမို့မဆုံးမဘဲ အလိုလိုက်သည်ဆိုတာထက် အနီးရှိတုန်းကလဲ မဆုံးမဘဲ ငါ့သားသဘောဆိုတာချည်းပင်။ သူမကဘဲ လူကြမ်းကြီးပေါ့။

"ဟဲ့..အမလေး တကယ်မထသေးဘူးလား?
အေးအေး ငါဖနောင့်နဲ့လည်မျိုနင်းပြီ..။

"အာ..ထပြီ ထပါပြီ မေမေရာ.."

သူ့အမေ သူ့ကိုသိပ်ချစ်သည်ဆိုတာ နေမကောင်း ဖျားနာချိန်ဖြစ်မှသာ အနားလာကြည့်ပြီး သိရပေလိမ့်မည်။
အပြင်ပန်းကနေ ကြည့်ရင်တော့ မိထွေးလို့မထင်ကြတာကံကောင်းပေသိ။အမြဲဆူကာ အော်ပြီး ထနေရင်ထနေလို့ ထိုင်နေရင်ထိုင်နေလို့ ဒရစပ် တအားလွှတ်ပါသည်။

"အမေ Rapper ပြိုင်ပွဲတွေ ဝင်​ပြိုင်ပါလားလို့ ပြောတော့ ဂွက်ကနဲ အခေါက်ခံရ၏။
သူအကောင်းပြောတာကို ဘာလို့အမေစိတ်ဆိုးသလဲ
နားမလည်ပေ။အမေ့ရဲ့လေတွေ အလကား
သူ့ကြောင့်
ကုန်မယ့်အစား ပိုက်ဆံရတာလေးလုပ်တာအကျိုးရှိသည်လေ။ အမေသူ့စေတနာတွေတကယ်မသိလိုက်တာ။

"ဟိုဘက်ခြံက လူအသစ်ပြောင်းလာပီနော်
အဲ့ဘက်ကိုယောင်လို့တောင်မသွားနဲ့။ အဲ့အိမ်ကမိန်းမက ဟိုဘက်ရပ်ကွက်တွေမှာလဲ အထက်စီးနည်းနည်းဆန်ပြီးသူ့သားဆရာဝန်ကိုလဲ တအားကြွားတတ်တယ်တဲ့။ ရပ်ကွက်ထဲက လူငယ်တွေတရုန်းရုန်းနဲ့ဆို အမြင်မကြည်တဲ့အ​ပြင် ​အနှိုင်းပါခံနေရမယ်.."

ဟင်းသီးဟင်းရွက်တွေ နွှင်ရင်းပါးစပ်ကလဲ ရေချိုးခန်းထဲက ထွက်လာသည့်သူ့အား
မီးဖိုထဲက ခပ်ကျယ်ကျယ်လေးလှမ်းပြောနေလေသောအမေပါ။

"ဟာ..အမေကလဲ သူ့ဘာသူဘာနေနေ
သူ့သားကလဲ ဘာနေနေ 'လွင့်' ဆိုတဲ့ကျွန်တော်က စိတ်လဲမဝင်စားသလို သိလဲမသိချင်ပါဘူးဗျာ.."

လမ်းထဲက ကလေးတွေက သူနဲ့ငယ်ပေါင်းကြီးဖော်မို့ အကုန်လုံးထဲလဲ အကြီးမို့ ​ဘာနေနေအားကိုးပြီး လာလာခေါ်​ကြလို့ သူအမြဲလိုက်ပေးတာ။မနေ့တစ်နေ့ကမှပြောင်းလာတဲ့
လူတွေကိုတော့ သူအရောတဝင်လုပ်ဖို့က မဖြစ်နိုင်သည့်ကိစ္စ။

မောင့်ဆေးကျောင်းသားWhere stories live. Discover now