1

5.8K 367 52
                                    

" !!!!!!!!!!!!! "

အခန်းတစ်ခုလုံးကို ဆူညံနေသည့် နှိုးစက်သံ ။

သို့သော်လည်း အိပ်မောကျနေသူကဝောာ့
မလှုပ်မယှက် ကောင်းစွာ အိပ်ပျော်နေဆဲ ။

ခဏအကြာ ...

" ဒေါက် ! .. ဒေါက် ! "

တံခါးခေါက်သံနဲ့အတူ Dr . ကင်မ်ခရစ် က
အခန်းထဲသို့ ရောက်လာသည် ။ အိပ်‌နေသူကို အိပ်ယာနှိုးရန်ဖြစ်သည် ။ ‌

ကင်မ်ခရစ် ဟာ သားဖြစ်သူ၏ခန္ဓာမှာ ရစ်ပတ်နေတဲ့ စောင်ကို ဆတ်ကနဲ ဆွဲဖယ်လိုက်ရင်း

" ကျောင်းချိန်နီးနေပြီ .. ထတော့ "

မာမီအသံကြောင့် ဆော့ဂျင်က
အိပ်ယာထက်တွင် လူးလှိမ့်ပစ်လိုက်မိရင်း

" အိပ်ရေးမှ မ၀သေးတာကိုဗျာ "

" ဘယ်၀မလဲ ..စောစောမှ မအိပ်တာ "

" စောစောအိပ်ပါတယ် မီမီရဲ့ "

" မနက်စောစောမှ အိပ်တာကိုပြောတာလား "

" အဟီး "

" ရယ်မနေနဲ့ .. အခုထ "

လက်မောင်းရင်းမှ ဆွဲ၍ ထူသည်မို့ ဆော့ဂျင် က
သိပ်မပွင့်ချင်သေးတဲ့ မျက်လုံးတွေနဲ့ အိပ်ယာပေါ်မှ
အသာဆင်းပေးလိုက်သည် ။

မာမီက လက်မြှောက်ပြီး ဝါးသမ်းနေတဲ့သူ့ကို
ကြည့်ရင်း လက်ကလည်း စောင်တွေကိုလည်း ခေါက်ပေးနေရင်း

" youtube က မင်းရဲ့ Eat Jin channel မှာ vlog တင်ထားတာကို တွေ့တယ် "

အဲ့ဒီ့စကားကြောင့် သူက မာမီ့အနား တိုးကပ်
သွားမိသည် ။

" အာ .. တွေ့လိုက်တာလား .. အဆင်ပြေလား ..
မြောင်ဒုံဘက်မှာ ခေါက်ဆွဲအေး သွားစားရင်းနဲ့
ရိုက်ထားတာကို တင်ခဲ့တာ .. viewer နဲ့
like တွေက နည်းနည်းတော့များသား .. အဟိ ..
သား တော်တယ် မဟုတ်လား မီမီ "

သိလိုစိတ်အပြည့် တက်ကြွစွာ မေးနေတဲ့ သူ့ကို
မာမီဟာ မကြည်သလို စိုက်ကြည့်နေခဲ့ပြီး

" ဆော့ဂျင် ! "

သူ့ကို အော်တော့သည် ။ မာမီ့အသံကြောင့်
သူလန့်သွားရကာ

" ခင်ဗျာ "

" အဲ့ဒီ့လို အလုပ်တွေကို ငါအထင်မကြီးတာ
မင်းသိပါတယ် .. မင်းရဲ့ channel ကို
check လိုက်တာက စာမလုပ်ပဲ အရေးမပါတဲ့
vlog တွေ လုပ်နေမှာစိုးလို့ တစ်ခုထဲ .. မင်းကို
အားပေးချင်စိတ် တစ်စက်မှ ရှိမနေဘူး "

Complex Where stories live. Discover now