Chapter 3

119 23 12
                                    

At school

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

At school

ကျောင်းသူအသစ်ဖြစ်စေကာမူ ထိုကျောင်းမှတစ်စုံတစ်ယောက်နှင့်မျှ သင်မရင်းနှီး။ အားလုံးက မျက်နှာစိမ်းချည်းသာ..

သင့် lockerကိုရှာနေရင်း

"Bang!" တစ်ယောက်ယောက်နှင့်တိုက်မိသဖြင့် သင်ချော်လဲသွားသည်။

"ဒီမှာ ရရဲ့လား?"
-ထိုသူက လက်ကမ်းပေးသည်။

"ရပါတယ်"
-ထိုသူကမ်းပေးသောလက်ကို ကိုင်၍ သင်ထလိုက်သည်တွင် ထိုသူ့ကိုကြည့်မိလိုက်သည်။

သူ့အရပ်က6ပေနီးပါးရှိမည်ဟု ခန့်မှန်းရသည်။

"မင်းကို ဒီမှာမမြင်ဖူးပါဘူး၊ အသစ်လား?"

ပါးချိုင့်နှစ်ခု စီခြယ်သောအပြုံးလှလှလေးတစ်ခုဖြင့် သူ။

"ဒီနေ့မှ ပြောင်းလာတာပါ"

သူ့အပြုံးအားငေးကြည့်ရင်း သင်လည်းပြန်ပြုံးပြလိုက်၏။

"Kim Nam Joonပါ"

"အာ..Min Y/N"

"မြန်မြန်သွားတော့ အတန်းနောက်ကျရင် အခြေနေမကောင်းဘူး"

သူ့စကားကြောင့်သင်ရယ်မိသည်။
ထို့နောက် ခေါင်းတစ်ချက်ညိတ်၍ သင့်အတန်းဆီသို့ ဝင်ဟန်ပြင်လိုက်တော့သည်။

"ဒီနေ့ ဒီအတန်းမှာ ကျောင်းသူအသစ်တစ်ယောက် လာလိမ့်မယ်..သြော် ပြောရင်းဆိုရင်း ဟိုမှာ လာပြီ"

ဆရာက သင့်ကိုကြည့်ရင်းပြောလိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ Kim..Min Y/N လို့ခေါ်ပါတယ်။"

သင်နှုတ်ဆက်လိုက်သည်။
ခင်ပေးကြပါ ဘာညာ ထိုသို့ပြောခြင်းလည်းမရှိ။
ဘယ်သူမှမခင်လည်း ကိုယ်တစ်ယောက်တည်းသာ အဆင်ပြေပြေနေတတ်သောသင့်အတွက် သူငယ်ချင်းမလိုပါ။

𝙈𝙔 𝙎𝙏𝙀𝙋𝘽𝙍𝙊𝙏𝙃𝙀𝙍 (Discontinued)Where stories live. Discover now