တစ်နှစ်မှာမှ တစ်ခါသာ ကျင်းပခွင့်ရှိတဲ့ Halloween နေ့ကို ရောက်လာပြန်သည် ။
နှစ်တိုင်း လိုလို သူငယ်ချင်းတွေနဲ့ Halloween အတွက် ဝတ်စုံတွေ ဝတ်ကာ ပါတီ ပွဲ လုပ်ကြသည်။
ဒီနှစ်မှာလည်း ထို အတိုင်းပါပဲ Halloween party လုပ်ကြမယ်လို့ တိုင်ပင်ကြပြီး ဒီနှစ်မှာ ပါတီ နေရာ အလှည့်ကြတဲ့ နေရာက ဆောင်းဟွန်းရဲ့ အိမ် ဖြစ်သည်။
နှစ်တိုင်း ပါတီလုပ်ဖို့ အိမ်ကို အလှည့်ကျစီ လုပ်ကြသည်။
အရင်နှစ်က ဂျယ်ယွန်းရဲ့ အိမ်မှာ ပြုလုပ်ခဲ့ပြီး ဒီနှစ်တွေ ဆောင်းဟွန်းရဲ့ အိမ်ကို အလှည့်ကြလာတာဖြစ်သည်။
Halloween မရောက်ခင် တစ်ပတ်လောက် အလို ထဲက သူငယ်ချင်းတွေစုပြီး လိုအပ်တဲ့ ပစ္စည်းတွေ ကို သွားဝယ်ကြသည်။ တစ်နှစ်ပတ်လုံးမှာ သူငယ်ချင်းတွေ အားလုံး စုံရသည့် အချိန်ဖြစ်တာကြောင့် ပျော်ရွှင်မှုက အဆမတန်ဖြစ်သည်။
ပုံမှန်ချိန်တွေတိုင်းစုံဖြစ်ကြပေမယ့် တစ်ခါစုံ နှစ်ယောက် သုံးယောက်လောက်ဘဲ ဖြစ်သည်။
ဒီလိုမျိုး ပွဲနေ့တွေကြမှသာ သူငယ်ချင်း ခြောက်ယောက်လုံး စုံကြတာဖြစ်သည်။Halloween မရောက်ခင် တစ်ပတ် အလို .......
" ဟယ်လို ဆောင်းဟွန်း ငါ တို့ လာခေါ်မယ် အိမ်ရှေ့မှာ စောင့်နေ "
ဖုန်းကို နားနားကပ်ရင်း နာရီကို လှမ်းကြည့်တော့ မနက် 10 နာရီ
ညက လုပ်လက်စ အလုပ်ကိစ္စလေးတွေကို လက်စသက်ရင်း ညနက်သွားတာ နိုးတော့လည်း နောက်ကျမှ နိုးလာသည်။
ဒီနေ့က Halloween အတွက် ပါတီ လုပ်ဖို့ အစီအစဉ်ကိစ္စ ကို အားလူံးတိုင်ပင်ဖို့ ဆိုင်တစ်ဆိုင်မှာ စုံဖို့ ပြောထားသည့် နေ့ဖြစ်သည်။
ညကတည်းက alarm မပေးးမိတော့ ချိန်းထားတဲ့ အချိန်ထက် တစ်နာရီပိုပြီး အိပ်မိသွားသည်။
ဆောင်းဟွန်း အကြောင်း သိသည့် ဂျယ်ယွန်းက ကျန်တဲ့ သူတွေကို စုပြီး ဆောင်းဟွန်းကို လာခေါ်သည်။
ဂျယ်ယွန်းဆီက ဖုန်းဝင်ဝင်လာခြင်း ပြာပြာသလဲ ကိုယ်လက်သန့်စင်ပြီး အိမ်ရှေ့မှာ ထွက်စောင့်နေလိုက်သည်။