ပင်လယ်ကမ်းစပ်မှာထိုင်နေတဲ့သူကြောင့်ပဲလား ဒီကနေ့မှ ပင်လယ်ကြီးကပြာနေလိုက်တာ။ ဆံနွယ်ကောက်ကောက်လေးတွေက လေထဲလွင့်သွားတဲ့တစ်ချက်တိုင်း နှလုံးသားထဲ ဝဲဂယက်လေးတစ်ခုဖြစ်ပြန်တယ်။ မင်းကခန့်မှန်းရခက်တဲ့ ရာသီဥတုလေးပဲjungkook။
တစ်ခါတစ်ရံ နွဦေးလေပြေလေးလိုနွေးထွေးလိုက်
တစ်ခါတစ်ရံ ရုတ်တရက်ထရွာတဲ့မိုးလို အေးမြလိုက်
တစ်ခါတစ်ရံ ဆောင်းတွင်းရဲ့ရေခဲမြစ်လို အေးခဲစေတယ်။"ချမ်းလို့လား"
"အင်း"
အနားတိုးလာကာ အပေါ်ထပ်အနွေးထည်ကို သူ့ပခုံးပေါ်လွှားပေးပြန်သည်။ ခပ်စူးစူးရေမွှေးနံ့တွေကို မကြိုက်တတ်ပေမယ့် jungkook အင်္ကျီမှ ရနံ့စူးစူးလေးကိုတော့ သူသဘောကျပါသည်။
ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ငါတော့ပင်လယ်ထဲခုန်ချမိတော့မှာပဲ။ အနာပေးလိုက်ဆေးကျွေးလိုက် လုပ်တတ်လွန်းသူကြောင့် ခနတာရသည့် ပျော်ရွှင်မှုလေးကို ကျေကျေနပ်နပ်လက်မခံနိုင်။"နေဝင်တော့မယ် ငါပြန်ချင်ပြီ"
"ကျုပ်မှမပြန်ချင်သေးတာ"
"..........."
ပင်လယ်ဘက်ကို မိနစ်အနည်းငယ်ကြာအောင်ငေးကြည့်နေပြီး သူ့ဘက်ကိုလှည့်လာတယ်။ အနားတိုးလာပြီး သဲသောင်ပြင်ပေါ်လှဲချတယ် ပီးတော့သူ့ပေါင်ပေါ်ခေါင်းအုံးလိုက်သည်။
"ဘာလုပ်တာလဲ"
"ခနလေးလှဲချင်လို့ ပေါင်ခနငှားဗျာ"
ဒီလိုကျတော့လည်း မုန်းလှပါချည်ရဲ့ဆိုတဲ့ ဒေါသအိုးလေးမဟုတ်တော့သလိုပဲ။ နဖူးပြေပြေလေးပေါ် ဆံနွယ်ကောက်ကောက်လေးတွေ အုပ်မိုးနေသည်မှာ သဘောကျစရာကောင်းလှသည်။ ပါးပြင်ကအမာရွတ်သေးသေးလေး၊ မထူမပါးတွန့်ကွေးကွေးနှုတ်ခမ်းလေး ဒီကောင်လေးက ပြည့်စုံလွန်းနေတာပါပဲ။
ပြွတ်စ်!!
" မင်း ဘာလုပ်တာလဲ"
"ဘာလို့လာကြည့်နေတာလဲ နမ်းချင်စရာကောင်းအောင်လို့"
"ဘာ"
"ပြန်ရအောင်"
ရုတ်တရက်အနမ်းခံလိုက်ရသော နှုတ်ခမ်းသည် ရေခဲရိုက်ထားသလို တောင့်တင်းနေသည်။ မျက်နှာပြင်ဟာလည်း ခရမ်းချဉ်သီးလိုနီနေမည်ဆိုတာ သိနေပြီ။

YOU ARE READING
HE (Completed)
Fanfiction~မင်းအတွက်ဆို ကိုယ်ကပိုချစ်ပြီးကိုယ်ကပဲဆုံးရှုံးရတဲ့သူဖြစ်ချင်ပါတယ်~