ဆောင်းည

74 1 2
                                    

ထက်မြတ် ဧည့်ခန်းကုလားထိုင်ပေါ်တွင် မလှုပ်မယှက်ထိုင်လျက်
ကော်ဖီခွက်တစ်ခွက်ကို ကိုင်ရင်း ပြတင်းမှန်သို့ငေးကြည့်နေသည်။ ကော်ဖီခွက်သည်လည်း စိုးစင်းမျှ လျော့ပါးခြင်းမရှိသေးပေ။ အိမ်အပြင်ဘက်တွင်တော့ နှင်းများက တဖွဲဖွဲကျနေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ညတစ်ည...

ထက်မြတ် သူငယ်ချင်းဖြစ်သူ မင်းသူ၏မွေးနေ့ဖြစ်တာကြောင့် မလာချင်သော်လည်း မျက်နှာပျက်မည် စိုးသောကြောင့်လာခဲ့သည်။ ထက်မြတ်သည် ပါတီများ ပွဲများနဲ့ လူရှုပ်တဲ့နေရာများကို မကြိုက်။ အေးအေးဆေးဆေးနေရသည်ကိုသာကြိုက်သည်။

မွေးနေ့ပါတီ‌ဆိုပေမယ့် အရမ်းတော့ လူမရှုပ် သီချင်းကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းသာဖွင့်ထားသည်။ ဒါပေမယ့် ... ကောင်လေးတစ်ယောက်က မဏ္ဍပ်ပေါ်တက်ပြီး ဆုတောင်းပေးသည်။

"အဟမ်း ကျွန်တော်ကတော့ မှူးပိုင် ပါခင်ဗျ။ ကျွန်တော့်အကိုအတွက်မွေးနေ့ဆုတောင်းပေးချင်လို့ပါ။။ အကို့မင်းသူ ဒီမွေးနေ့မှစ နောက်နှစ်ပေါင်းများစွာအထိ အသက်ရှည်ရှည်နေထိုင်နိုင်ပြီး ကျွန်တော်တို့ကိုလည်း ခနခန မုန့်လိုက်ဝယ်ကျွေးနိုင်ပါစေ။ ရည်းစားမရသေးပဲ ကျွန်တော်တို့ကိုပဲ အမ်းနိုင်ပါစေဗျာ။ Happy Birthday "

ထိုကောင်လေး၏ အပြောကြောင့် တဟားဟားနဲ့ ပွဲကျသွားသည်။
မင်းသူ ကလည်းရယ်သာရယ်နေတာကြောင့် စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်။

"မင်းသူ အဲ့တာဘသူလဲ "

"ငါ့ညီမသူငယ်ချင်းပါ သူကပျော်တတ်တယ်လေ "

"အော် ချမ်း သူငယ်ချင်းလား "

စကားစဖြတ်လိုက်ပြီး ထိုကောင်လေး ဘာဆက်ပြောမည်ကိုသာ ဆက်ကြည့်နေမိသည်။

"မွေးနေ့ပွဲက ‌နည်းနည်းပျင်းစရာကောင်းနေတာကြောင့် ကျွန်တော်တို့ရဲ့ fav song လေးတွေနဲ့ ကလိုက်ကြရအောင်ပါဗျားး"

သီချင်းများက မကြာသေးခင်ကလို တီးခတ်နေတဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းများမဟုတ်တော့ပဲ အသံဆူဆူ သီချင်းများက အစားထိုးဝင်ရောက်လာသည်။ ထက်မြတ်က ထိုသို့သော အရာတွေကိုမကြိုက်နှစ်သက်သူမို့ ပြန်ရန်ဆုံးဖြတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Aug 05, 2023 ⏰

Add this story to your Library to get notified about new parts!

စကားလုံးများနဲ့ ပုံဖော်ထားသော အိမ်ကလေးWhere stories live. Discover now