Part 9

113 9 2
                                    

Tennieရဲ့မိဘတွေရောက်လာပြီးတဲ့နောက် စေ့စပ်ပွဲလုပ်ခဲ့ကြသည် အရင်အိမ်မှာလဲမနေဖြစ်တော့ အရင်CondoကိုMarkကိုပေးလိုက်သည် Markကသူ့သူငယ်ချင်းအုပ်စုနဲ့ ထိုအိမ်မှာနေသည်

Tenနဲ့Taeyongကတော့ အိမ်အသစ်ကိုပြောင်းခဲ့သည် ထိုအိမ်ကိုTenမိဘတွေကလက်ဖွဲ့ခြင်းပင် လက်ထပ်ဖို့ကတစ်နှစ်လောက်လိုသေးပေမယ့် လက်ထပ်ပြီးရင်လဲဒီအိမ်မှာပ‌ဲနေရမှာ အိမ်အသစ်လေးက ခြံဝင်းလေးရယ် နှစ်ထပ်တိုက်တစ်တိုက်ရယ်ဖွဲ့စည်းထားခြင်း သူတို့ရဲ့ဆက်ဆံရေးဟာလဲ အရင်လောက်မဆိုးတော့ပေမယ့် ရှေ့ဆက်မတိုးသေးတဲ့အခြေအနေ

ဒီနေ့တော့ Tenကအပြင်မှာညစာထွက်စားမယ်ဆိုလို့ ကားလေးနဲ့နှစ်ယောက်ထွက်လာခဲ့သည် ! ကားလေးက အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ရှေ့မှရပ်သွားခဲ့သည်

Taeyong : ဘာစားမလဲ Tennie

Ten : ဝိုင်တစ်ပုလင်းနဲ့အဆင်ပြေတာမှာ‌လိုက်

Taeyong : သောက်မလို့လား

Ten : အင်း သောက်ချင်လို့

Taeyong : အိုခေ

မှာထား‌တာတွေရောက်လာတော့ ညစာစားရင် သောက်ကြသည် ဝိုင်လောက်ကတော့Tenအတွက်ဘာမှမဖြစ်ပေမယ့် Taeyongကတော့ သုံးခွက်နဲ့တင်ချာချာလည်နေပြီ Tenကိုတောင် သုံးကိုယ်လောက်ခွဲပြီး မြင်နေတာ

ဒီတိုင်းဆို အိမ်ပြန်ဖို့ကားမောင်းရမှာ Tenပါပဲ Taeyongနဲ့အတူအပြင်သွားတိုင်းတစ်ခါမှသူမမောင်းခဲ့ တမင်ကိုLover seatမှာထိုင်ချင်လို့မမောင်းတာ
Limitပြည့်တာနဲ့Taeyongတစ်ယောက် ဇာတိကပြပြီး aegyoတွေ လုပ်ပြနေတော့တာပဲ တကယ် !!!

Ten : Taeyongရေ ထအုံးဟ ဟျောင့်ရေ အိပ်ရောက်ပြီ ထလို့ !!!

Ten နှိုးနေပါသော်‌လဲ တုပ်တုပ်မျှလှုပ်မလာသူက Taeyongပါပဲ နောက်တော့လဲ Tenခမျာ သူ့ကိုမနိုင်မနင်းတွဲပြီး အိမ်ထဲဝင်ခဲ့ရသည်
Taeyongကို ကုတင်ပေါ်တင်ပေးပြီး ခြေလက်ဆေးဖို့ပြန်ထွက်မယ်အလုပ်Tenလက်ကောက်ဝတ်ကိုလှမ်းဆွဲထားတဲ့ လက်တစ်စုံ လှည့်ကြည့်မယ့်အချိန်မှာပင် Tenတစ်ယောက်ကုတင်ပေါ်ဆွဲချခြင်းခံလိုက်ရသည် TaeyongကTenကိုတင်းနေအောင်ဖက်ထားတာ ပြန်ထလို့တောင်မရ

My Babe Tennie 💚 Where stories live. Discover now