'အာကာ'
ကျွန်တော့်နာမည် ခေါ်သံကြားတော့ ကျောင်းဝင်းထဲဝင်နေတဲ့ ကျွန်တော်လှည့်ကြည့်မိသည်။ ခေါ်တဲ့သူကတော့ အခြားသူမဟုတ်ပါဘူး ကျွန်တော်နဲ့ ငယ်ငယ်ထဲကခင်တဲ့ သူငယ်ချင်းမလေး နန်းဟေမာ ဖြစ်နေတယ်။
'အာကာ ငါ့ကိုစောင့်ဦးတူတူသွားမယ်'
ထမိန်လေး မ ကာအော်ရင်းပြေးလာတဲ့သူငယ်ချင်းမလေးဟာ အတော်လေး ချစ်စရာကောင်းပါသည်။ ဆံပင်ဂုတ်ဝဲလေးမှာ ပန်းရောင်ဆံညှပ်လေးနဲ့ ပန်းရောင်ဝမ်းဆက်လေးဝတ်ထားတဲ့ နန်းဟေမာ ဟာပန်းရောင်ကြိုက်သူ တစ်ယောက်ဖြစ်သည်။
'အာကာ ငါတို့ကန်တင်း အရင်သွားရအောင် ငါမနက်စာမစားခဲ့ရဘူး'
'အွန်း သွားကြမယ်လေ'
ကျွန်တော် ကန်တင်းသွားဖို့ လက်ခံလိုက်တော့ သူကကျွန်တော့်ကို ပြုံးပြရင်း လက်မောင်းကိုလာချိတ်တယ်။
'ဟေမာရာ နင်ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်သွားပါလားဟ'
ကျွန်တော်က ဇီဇာကြောင်တာ မဟုတ်ပေမဲ့ အဲ့လို skinship တွေမကြိုက်တဲ့ သူတစ်ယောက်
'နင်ကလည်း လက်မောင်းလေး ချိတ်တာကိုဘာဖြစ်နေတာလဲ'
ရန်လုပ်ရင်း လက်မောင်းကို ဆွဲပြေးတော့ ကျွန်တော့်မှာ ပြေးရသေးတယ်။
အဲ့လိုနဲ့ ကန်တင်းရောက်တော့ လွတ်နေတဲ့ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ဝင်ထိုင်ကြတယ်။
'အာကာ နင်ဘာစားဦးမလဲ'
'တော်ပါပြီ ငါမနက်စာဝယ်စားခဲ့ပြီ'
သူ့ကို အကြောင်းပြန်ရင်း ကျွန်တော်အိတ်ထဲကနေ စာအုပ်တစ်အုပ် ထုတ်ကာ ဖတ်နေလိုက်တယ်။
'အာကာ'
'အွန်း ပြော'
ကျွန်တော် သူ့ကိုမကြည့်ပဲ ပြန်ထူးလိုက်တယ်။
'ဟိုမှာ ကိုမင်းသုတမောင် တို့အဖွဲ့ ကန်တင်းလာနေတယ်'
ကျွန်တော် မောင့်နာမည် ကြားတာနဲ့ ချက်ချင်းခေါင်းထောင်ပြီး ကြည့်မိတယ်။ မောင်ကကျောင်းမှာ နာမည်အရမ်းကြီးတယ် မောင့်ကိုသဘောကျတဲ့ ကောင်မလေးတွေလဲ အများကြီးပဲ ကျွန်တော်လဲ သူတို့ထဲက တစ်ယောက်ပါပဲ မောင့်ကိုတိတ်တခိုး သဘောကျနေတဲ့သူတစ်ယောက်ပေါ့။ ကျွန်တော်မောင့်ကိုကြည့်နေရင်း မောင်နဲ့ ပထမဆုံးတွေ့ဆုံမှုဆီ အတွေးရောက်သွားတော့သည်။
YOU ARE READING
တန်ပြန်အချစ်(OneShot)
Romanceရိုးရိုးရင်းရင်း romance ဇာတ်လမ်းလေး Min Thuta Maung × Sai AKar