ထိုင်းနိုင်ငံသို့ဦးတည်ရွေ့လျားနေတဲ့သင်္ဘောပေါ်၌လူပေါင်းများစွာနဲ့ကုန်ပစ္စည်းပေါင်းများစွာကိုတင်ဆောင်လို့လာသည်။
ထိုခရီးသည်များထဲမှသီဟဆိုတဲ့ကောင်လေးတစ်ယောက်လဲအပါအဝင်။သူ့ရဲ့ရည်ရွယ်ချက်ကတော့အိမ်နဲ့စိတ်ဆိုးပြီးထိုင်းနိုင်ငံကိုထွက်လာခဲ့ခြင်းဖြစ်သည်။
အစကတော့လေယာဉ်နဲ့ကူးရန်စီစဉ်ထားသော်လည်းသူ့မိဘတွေမသိနိုင်တဲ့အောက်လိုင်းကနေကူးခြင်းကိုသာသူရွေးချယ်လိုက်ခြင်းဖြစ်သည်။
တပူပူနဲ့မြည်ကာခုတ်မောင်းနေတဲ့သဘောင်္းကြီးပေါ်မှတစ်နေရာမှသူထိုင်ရင်းနားထဲသို့နားကျပ်ထိုးကာသီချင်းဖွင့်၍နားထောင်ကာလိုက်ပါလာခဲ့သည်။
တဖြည်းဖြည်းနဲ့အချိန်ကြာလာသည်နှင့်အမျှကောင်းကင်၌ရာသီဥတုကလဲပြောင်းလဲလာကာတိမ်စိုင်များပင်ပြည့်လို့လာခဲ့သည်။
ထိုမှတဆင့်မိုးများသည်းထန်စွာရွာသွန်းလို့လာသည်။
သီဟမိုးခိုရန်အောက်သို့ဆင်းလာခဲ့သည်။မိုးတွေကအရမ်းသည်းလာတော့သဘောင်္မှရှေ့ဆက်ရန်အခက်နောက်ဆုတ်ရန်မလွယ်တဲ့အနေအထားမှာမည်သို့ဆုံးဖြတ်ရမည်ကခက်နေသည်။
"ဒုက္ခပဲ..မုန်တိုင်းသတင်းကအခုမှဘာလို့လွှင့်နေသေးလဲ..."
ကပ္ပတိန်ရဲ့စကားကြောင့်သဘောင်္းပေါ်မှခရီးသည်အားလုံးထိတ်လန့်သွားရသည်။
"ဘယ်လို..မုန်တိုင်းရှိတယ်ဟုတ်လား.."
"ဘယ်လိုလုပ်ကြမလဲ.."
သီဟလဲရုတ်ရုတ်သဲသဲဖြစ်နေကြတဲ့လူစုထံမှထိုသတင်းကိုကြားတော့ဖုန်းနဲ့ရေဒီယိုဖွင့်၍နားထောင်ရာတကယ်ပဲမုန်တိုင်းကရှိနေလေသတဲ့...
"ဘယ်လိုဖြစ်တာလဲ...အခုမှပြောတော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမှာလဲ.."
အားလုံးကလဲထိုသို့တွေးကာကြောက်ရွံနေကြသည်၊အပြင်မှာကလဲတကယ်ပဲမိုးတွေရောလေတွေရောပြင်ထန်စွာတိုက်ခက်ကာရွာသွန်းလို့နေတော့သည်။
တဖြည်းဖြည်းနဲ့လှိုင်းလုံးကြီးတွေကလဲကြီးမားလို့လာကာသဘောင်္မောင်းနေတဲ့သူမှာထိန်းရခက်နေတော့သည်။မိုးကလဲသည်သည်ထက်သည်းထန်လာတော့လှိုင်းလုံးကြီးတွေကလည်းကြီးမားလာကာ...
"ဟာ..."
"အား..."
"အား..."
လှိုင်းလုံးတွေကြီးကအကြီးကြီးတွေဖြစ်ကာပင်လယ်အလယ်ခေါင်ကသဘောင်္ာအားရိုက်ပုတ်သွားတော့သင်္ဘောမှာရေထဲသို့နစ်မြှပ်လို့သွားတော့သည်။
"အမေ..."
သီဟခလုတ်ထိမှအမိကိုတလိုက်မိပြီးရေထဲမှာအသိစိတ်ကိုမလွတ်အောင်ထိန်းချုပ်ရင်းရေကိုဆန်တတ်ရန်လုပ်ပေမဲ့ကြီးမားလှတဲ့လှိုင်းလုံးကြီးတွေကသူ့ကိုရိုက်ပုတ်ကာခေါ်ဆောင်သွားတော့သီဟရေမွန်းသွားပြီးရေရဲ့ခေါ်ဆောင်ရာသို့လိုက်ပါသွားတော့သည်။
"အမေ..သားမှားပြီထင်တယ်..သားအမေတို့ကိုစော်ကားမိလို့သား..သားအခုသေရတော့မယ်..သားတောင်းပန်ပါတယ်..သားအမေ့ကိုတောင်းပန်ပါတယ်အမေရယ်.."
သီဟစိတ်ထဲမှစိတ်ဆိုးကာထွက်လာတဲ့အမေ့ကိုတောင်းပန်နေမိသည်။
ထိုမှတဆင့်သီဟသူ့ကိုယ်သူသေပြီလို့သတ်မှတ်လိုက်တော့သည်။..