~ 4 ~

9.7K 869 328
                                    

Unicode
__________

မျက်နှာကို လက်ဝါးနဲ့ အုပ်ထားပြီး တသိမ့်သိမ့်ရှိုက်ငိုနေ​သော သူ(မ) ကို ကျွန်တော် ဘယ်လိုချော့ရမှန်းမသိ။ အတော်လေး နင့်နင့်သည်းသည်း ဝမ်းနည်းနေပုံရသည်။ ခေါင်းကိုငုံ့ချထားတာမို့ နက်မှောင်သော ဆံနွယ်ရှည်များက စားပွဲပေါ်တွင် ကျနေသည်။ နာရီကြည့်လိုက်တော့ ည ၉ နာရီတောင် ထိုးနေပြီ။ စာကျက်ဝိုင်းက အပြန် ဗိုက်ဆာလို့ တစ်ခုခုစားရအောင်ဟု သူ(မ) တောင်းဆိုကတည်းက ကျွန်တော်ငြင်းလိုက်ရမှာ။ အားနာတတ်တဲ့အကျင့်ကလည်း တစ်ခါတစ်ရံ လုံးဝမကောင်းပါ။

"ဟင့်...ဟင့်.."

သူ (မ) ထံက ရှိုက်သံသဲ့သဲ့ထွက်လာသည့် အချိန်တွင်တော့ ကျွန်တော်မနေသာတော့။ မထိရဲထိရဲနဲ့ သူ(မ) ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်သည်။

"မငိုပါနဲ့ ဆယ်ယွန်းရာ။ သူက အလိုလိုက်ခံထားရတဲ့ ကလေး၊ အိမ်မှာအငယ်ဆုံး ဆိုတော့လည်း သိတဲ့အတိုင်းပဲ"

ဟိုတစ်နေ့ သူ(မ) ဆံပင်တွေကို ဂျောင်ကု ရေနဲ့ပက်လိုက်တဲ့ ကိစ္စအပေါ် ကျေနပ်ပုံမရ။ ထိုကိစ္စကို ပြန်အစဖော်ပြီး တအီအီနဲ့ ငိုနေတာဖြစ်သည်။

"သူ့မျက်လုံးတွေ အမူအရာတွေက ကလေးတစ်ယောက်နဲ့တစ်စက်မှမတူဘူး။ နင့်ညီဘက်ကနေ ကာကွယ်ပြီး မပြောနဲ့ ဆော့ဂျင်"

ကျွန်တော် ဘာပြောရမှန်းမသိတော့။ ဆယ်ယွန်းပြောတာလည်း တစ်ဝက်မှန်နေတာပဲ။ ဂျောင်ကုက ငယ်ငယ်ကတည်းက အမူအရာတွေ အကြည့်တွေ စကားလုံးတွေကအစ လူကြီးဆန်နေတာလေ။ ဒါပေမယ့် သူ့ဘက်ကနေ ကျွန်တော်ကာကွယ်ပြီး ပြောနေတာတော့ မဟုတ်ရပါဘူး။

"ငါ့ကို ဘာအငြိုးနဲ့များ တစ်ခုပြီးတစ်ခု နှောင့်ယှက်နေတယ်မသိဘူး..ဟင့်"

"သူ့အစား ငါကပဲတောင်းပန်ပါတယ်။ ငါ့ညီက ကလေးမို့လို့ပါ"

ပြောပြီးကာမှ ကျွန်တော့် ကိုယ့်စကားကိုယ် မနည်း အရှိန်သတ်လိုက်ရသည်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ဂျွန်ဂျောင်ကုကို ခဏခဏ ကလေးလို့ပြောနေမိတာ။ ကျွန်တော့်စကားကြောင့် ဆယ်ယွန်းက ချက်ချင်း ခေါင်းထောင်ကာ ကြည့်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now