Part - 7

449 36 0
                                    

School lover🔪🍷
Part - 7

(အချစ်ဆိုတာ .. ဘာနဲ့တူလဲ)

"ငါရဲ့လျို့၀ှက်ချက်တစ်ခုကိုမင်းသိချင်လား
Jungkook shii"

"အင်းပေါ့ .. သိချင်တယ်"

"အိုကေ .. ငါဘယ်ကစပြောရမလဲ .. "

"မင်းနဲ့ငါတူတာတစ်ချက်တော့ရှိမယ်ထင်တယ် jimin shii"

"ဘာကိုလဲ"

"တကယ်တော့ငါ့အမေလည်းဆုံးသွားပြီ .. အဖေကနောက်မိန်းမတစ်ယောက်ယူလိုက်တာ . အဲ့အမျိုးသမီးက . Japanလူမျိုး . ငါ့အကိုဆိုတာလည်း . Japanလိုမျိုးဘဲ .! အဲ့အမျိုးသမီးရဲ့သားပေါ့ .. ငါ့သူတို့သားအမိ
နှစ်ယောက်ကို .. မြင်တိုင်း .. အမေ့ကိုအရမ်းလွမ်းပြီး .. နာကျင်ရတယ် ... "

"ငါ့အမေက ... Pianoပွဲတစ်ခုမှာ ... သူတီးတာမှားသွားလို့ဆိုပြီး .. ငါ့အဖေရင်းက .. အမေ့ကိုကွာရှင်းခဲ့တာ .. အမေကငါ့ကိုသူပိုင်တယ်ဆိုပြီး .. အိမ်ပေါ်ကဆင်းခဲ့တာ .. ငါနားမလည်တာအဲ့အကြောင်းအရင်းတစ်ခုကြောင့်နဲ့တော့မဟုတ်ဘူးဆိုတာ  ... အမေနဲ့အဖေကွာရှင်းတုန်းကဆိုရင် .. ငါက၇နှစ်ဘဲရှိသေးတယ် ... ပြီးတော့ဘယ်လောက်မှမကြာဘူး . ဟိုလူကြီးနဲ့အမေလက်ထပ်လိုက်တာဘဲ"

"Jimin shii.. ငါ့အမေဆုံးတာလဲ ...ငါ့အဲ့အရွယ်ဘဲ ..."

"ဒါပေမဲ့ . စိတ်၀င်စားဖို့ကောင်းတာတစ်ခုက .
ငါ့အမေနဲ့အဲ့လူကြီးတစ်နေ့မှာရန်အကြီးအကျယ်ဖြစ်ကြတယ် .... ပြီးတော့အဲ့လူကြီးကငါ့အမေကိုရိုက်တယ် .. ငါကငါ့အမေနာကျင်နေမှာကိုမကြည့်ရက်တော့လို့ .. မီးဖိုချောင်ကဓားကိုယူပြီး .. ငါ့အမေကိုဘ၀သစ်ဆီပို့ပေးလိုက်တယ် ... ဟား . ဟား .
ရီရတယ်မလား .. သူလည်းနာမကျင်ရတော့ဘူးလေ ... Hahahahaha😂သနားဖို့ကောင်းတဲ့ .. ငါတို့အမေ .. ငါ့ကိုကြည့်နေသေးတယ်သူက ... "

Jungkookခေါင်းကိုတစ်ခုခုနဲ့ထုချလိုက်သလို .. တစ်ကိုယ်လုံးကိုချုပ်နှောင်ထားသလို . ခန္ဓာကိုယ်တစ်ခုလုံး . ရုတ်တစ်ရက်အကြောသေသလိုမျိုး .. တုန်သွားတယ် ..
ကြက်သီးတွေလည်းဖြန်းခနဲထလာပြီ .. ကောလဟာလတွေကတကယ်လားဆိုတဲ့အတွေးနဲ့

"မင်းဘာပြောလိုက်တာလဲ"

"ဘာလဲ .. မင်းကလဲမလန့်ပါနဲ့. မင်းဘဲငါ့လျို့၀ှက်ချက်သိချင်တယ်ဆို .. ဘာလဲမင်းလဲငါ့ကိုမုန်းသွားပြီလား😟🙂"

School loverWhere stories live. Discover now