စျေးအတွင်း၌ပျံ့လွှင့်လာသော ရေဒီယိုသီချင်းလေးကား
~~~မုသားကိုချိုသာစွာရယ် ဘကြီးအောင်ညာခဲ့သလားကွယ် ရွှေရုပ်ကလေးကိုမှ သူမျှော်ကိုး
ရလာလိမ့်နိုးနိုးနဲ့ကွယ် နေ့စဥ်စောင့်စားရတဲ့
ကလေးငယ်လေးလိုပါကွယ် အတွေးကြွယ်မိတာကိုတကယ် အမှုမထားကာ မုသားသစ္စာသုံးလို့
ဘကြီးအောင် ညာခဲ့မိပါတယ်~~~"အဘ ကျွန်တော့်ကို အဲ့အရုပ်လေး တစ်ကယ်ဝယ်ပေးရမှာနော်"
ဆိုင်ငယ်လေး၏တန်းပေါ်၌ချိတ်ဆွဲထားသော သစ်သားရုပ်ပုလေးအား မြတ်နိုးဖွယ်ကြည့်ရင်း
ဝယ်ပေးရန်ပူဆာနေသော ကလေးငယ်အား
ဘကြီးအောင် မငြင်းရက် လက်ထဲတွင်ဆုပ်ထား
သော နှစ်ရာတန်အချို့ကို ငုံ့ကြည့်ရင်းဖြေလိုက်သည်။"လကုန်ရက် သူဌေးမင်းတို့ လခငွေလေးပေးတာနဲ့ မင်းကိုအဘ ဝယ်ပေးမယ်ဟုတ်ပြီလား
အခုတော့ အိမ်ပြန်ကြအုံးစို့ "မိတဆိုးဖတဆိုးလေးမို့ ထိုကလေးငယ်အား
ဘကြီးအောင်အချစ်ပိုရသည်။
အစ်ကိုဖြစ်သူချန်ရစ်ခဲ့လေသော အမွေဟူ၍ထိုကလေးငယ်သာလျှင်ရှိသည်မဟုတ်လား။
ဘကြီးအောင်အလိုလိုက်ထားသောကြောင့်ဤကလေးကနည်းနည်းဆိုးချင်သယောင် စကားနားထောင်သလောက် လိုချင်တာမရလျှင်ငိုတက်သည့်အကျင့်လေးရှိနေပေသည်။ထိုလကုန်ရက်က အဘအောင်၏စကားမူကား
မုသားတစ်ရပ်ဖြစ်ခဲ့လေသည်။"ဦးအောင် ခြံထဲကအပင်တွေကို သေချာဂရုစိုက်ပေးပါကွယ်နော် ကျုပ်တို့မှာခြံကိစ္စဆိုလို့ ခင်များပဲရှိသကိုး"
"စိတ်ချပါ သူဌေးမင်းရာ ခြံထဲကအပင်တွေနဲ့
ဝေယျာဝိစ္စတွေအတွက်က ကျွန်တော့်တာဝန်သာထားပါဗျ""အေးဗျာ အေးဗျာ ဒါနဲ့ စိုင်းမင်းလေးကို မတွေ့ပါလား"
"အခန်းထဲမယ် ဟိုနေ့ကသူဌေးမင်းပေးထားတဲ့
စာအုပ်တွေကို ထိုင်ဖတ်နေသဗျို့""အေးကွယ် ဒီကလေးကိုကျောင်းဆက်မထားတော့ဘူးလား အကူအညီလိုရင် ပြောပေါ့
ဟုတ်လား ဦးအောင်""ဟုတ်ကဲ့ပါ သူဌေးမင်း"
ကျောင်းဆက်တက်ဖို့ကိုထိုကလေးအားသူလဲမနားတမ်းတိုက်တွန်းပါသေးသည် ။