ဘကြီးအောင် ညာတယ်(one shot)

8 0 0
                                    

စျေးအတွင်း၌ပျံ့လွှင့်လာသော ရေဒီယိုသီချင်းလေးကား

~~~မုသားကိုချိုသာစွာရယ် ဘကြီးအောင်ညာခဲ့သလားကွယ် ရွှေရုပ်ကလေးကိုမှ သူမျှော်ကိုး
ရလာလိမ့်နိုးနိုးနဲ့ကွယ် နေ့စဥ်စောင့်စားရတဲ့
ကလေးငယ်လေးလိုပါကွယ် အတွေးကြွယ်မိတာကိုတကယ် အမှုမထားကာ မုသားသစ္စာသုံးလို့
ဘကြီးအောင် ညာခဲ့မိပါတယ်~~~

"အဘ ကျွန်တော့်ကို အဲ့အရုပ်လေး တစ်ကယ်ဝယ်ပေးရမှာနော်"

ဆိုင်ငယ်လေး၏တန်းပေါ်၌ချိတ်ဆွဲထားသော သစ်သားရုပ်ပုလေးအား မြတ်နိုးဖွယ်ကြည့်ရင်း
ဝယ်ပေးရန်ပူဆာနေသော ကလေးငယ်အား
ဘကြီးအောင် မငြင်းရက်  လက်ထဲတွင်ဆုပ်ထား
သော နှစ်ရာတန်အချို့ကို ငုံ့ကြည့်ရင်းဖြေလိုက်သည်။

"လကုန်ရက် သူဌေးမင်းတို့ လခငွေလေးပေးတာနဲ့ မင်းကိုအဘ ဝယ်ပေးမယ်ဟုတ်ပြီလား
အခုတော့ အိမ်ပြန်ကြအုံးစို့ "

မိတဆိုးဖတဆိုးလေးမို့ ထိုကလေးငယ်အား
ဘကြီးအောင်အချစ်ပိုရသည်။
အစ်ကိုဖြစ်သူချန်ရစ်ခဲ့လေသော အမွေဟူ၍ထိုကလေးငယ်သာလျှင်ရှိသည်မဟုတ်လား။
ဘကြီးအောင်အလိုလိုက်ထားသောကြောင့်ဤကလေးကနည်းနည်းဆိုးချင်သယောင် စကားနားထောင်သလောက် လိုချင်တာမရလျှင်ငိုတက်သည့်အကျင့်လေးရှိနေပေသည်။

ထိုလကုန်ရက်က အဘအောင်၏စကားမူကား
မုသားတစ်ရပ်ဖြစ်ခဲ့လေသည်။

"ဦးအောင် ခြံထဲကအပင်တွေကို သေချာဂရုစိုက်ပေးပါကွယ်နော် ကျုပ်တို့မှာခြံကိစ္စဆိုလို့ ခင်များပဲရှိသကိုး"

"စိတ်ချပါ သူဌေးမင်းရာ ခြံထဲကအပင်တွေနဲ့
ဝေယျာဝိစ္စတွေအတွက်က ကျွန်တော့်တာဝန်သာထားပါဗျ"

"အေးဗျာ အေးဗျာ ဒါနဲ့ စိုင်းမင်းလေးကို မတွေ့ပါလား"

"အခန်းထဲမယ် ဟိုနေ့ကသူဌေးမင်းပေးထားတဲ့
စာအုပ်တွေကို ထိုင်ဖတ်နေသဗျို့"

"အေးကွယ် ဒီကလေးကိုကျောင်းဆက်မထားတော့ဘူးလား  အကူအညီလိုရင် ပြောပေါ့
ဟုတ်လား ဦးအောင်"

"ဟုတ်ကဲ့ပါ သူဌေးမင်း"

ကျောင်းဆက်တက်ဖို့ကိုထိုကလေးအားသူလဲမနားတမ်းတိုက်တွန်းပါသေးသည် ။

ဘကြီးအောင် ညာတယ်(one shot)Where stories live. Discover now