"အစ်ကိုတော်"
"နှုတ်ခွန်းဆက်သပါတယ် မုဟွာမင်းသမီး"
မုဟွာမင်းသမီးအမည်ရတဲ့သူမက နောက်လိုက်ရန်ရွေတော်တွေကိုအနားကနေဖယ်စေကာ ရှေ့ကအမျိုးသားနဲ့အေးဆေးစွာ စကားပြောလိုခဲ့သည်။
"ကျွန်မရဲ့သတင်းကြားလို့လိုက်လာတာလား အစ်ကိုတော်"
"စိုးရွံ့မိပါတယ်။နိမ့်ကျတဲ့ကျွန်တော်မျိုးက မင်းကြီးရဲ့အမိန့်ကြောင့် ဒီနန်းတော်တွင်းမှာရောက်နေရခြင်းဖြစ်ပါတယ်"
"ဒါဆို အစ်ကိုတော်ကသတင်းမကြားရသေးဘူးပေါ့"
တိတ်ဆိတ်ခြင်းနဲ့သာတုံ့ပြန်လာတဲ့ရှေ့ကအမျိုးသားကြောင့် သူမမျက်ဝန်းထက်ဝယ် ငွေ့ရည်တို့ဖွဲ့တည်လာခဲ့သည်။
"လာမယ့်လပြည့်ပွဲတော်မှာ ကျွန်မလက်ဆက်ရတော့မယ်အစ်ကိုတော်။ ကျွန်မထင်ထားခဲ့တာက အစ်ကိုတော်ကျွန်မကိုဒီနန်းတော်ထဲကနေခေါ်ထုတ်သွားပေးမယ်လို့ထင်နေခဲ့တာ"
"ထပ်ပြီးစိုးရွံ့မိပါတယ်"
"အခုအမှန်တိုင်းသိသွားသလို ဒီနန်းတော်ကနေခေါ်ထုတ်သွားပေးဖို့ ကျွန်မကတောင်းဆိုခဲ့မယ်ဆိုရင်ရော အစ်ကိုတော်...ကျွန်မမင်းကြီးကိုဘယ်တုန်းကမှချစ်ခင်နှစ်သက်ခဲ့ခြင်းမရှိဘူးအစ်ကိုတော်"
"မုဟွာမင်းသမီး"
"ကျွန်မချစ်မြတ်နိုးခဲ့တာမင်းသား၆ဖြစ်တဲ့ အစ်ကိုတော့်ကိုပဲ"
ပါးအို့နီခပ်ပါးပါးခြယ်သထားတဲ့ပါးပြင်ထက်ဝယ် မျက်ရည်ဥဖြူဖြူတို့ဟာဖြတ်သန်းစီးဆင်းလို့သွားခဲ့သည်။
"မုဟွာ...မင်းကြီးအပိုင်လို့သတ်မှတ်ထားတဲ့အရာကို ရည်ရွယ်ချက်ရှိရှိလုယူခဲ့ရင် အဲ့တာမင်းပြစ်မင်းဒဏ်သင့်တယ်"
"ဒါဆိုကျွန်မကရော။ ကျွန်မနှလုံးသားကမချစ်မနှစ်သက်တဲ့သူအတွက်ပေးဆပ်လိုက်ရမှာလား"
"တောင်းပန်ပါတယ်မုဟွာ မင်းကိုအခက်တွေ့စေခဲ့လို့"
"ချစ်ခဲ့ရဲ့လားအစ်ကိုတော်"
"ချစ်ခဲ့မိပါတယ်"
"ဒါဆိုဘယ်အရာတွေကမှားယွင်းနေတာလဲ။ အချစ်ရှိနေပြီပဲ အစ်ကိုတော်မစွန့်စားရဲဘူးလား"

YOU ARE READING
Mr And The Fox Prince
FanficWords 10000 project. Nov4/2021 Reupload: June/14/2022 Chanyeol×Baekhyun