ဒီလိုနဲ့ မြေခွေးအိုကြီးဟာ မိုင်တစ်သောင်းလောက် ခြေဗလာကြီးနဲ့ ဒီတိုင်းလျှောက်လာခဲ့ရင်း သောင်ပြင်ကြီးတစ်ခုကို ရောက်လာခဲ့လေသတဲ့။
သောင်ပြင်ကြီးဟာ ရှင်းလင်းနေလွန်းတယ်။ မြက်ပင်ဆိုတာတွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ဟိုကျိုးတိုကျဲတဲ ဒီကျိုးတိုကျဲတဲနဲ့ နေချင်စရာကောင်းတယ်တဲ့။
ဘာမှမရှိအောင် ရှင်းလင်းနေတဲ့ သောင်ပြင်ကြီးမှာ ထူးထူးခြားခြား သစ်ပင်ကြီးတစ်ပင်ကလည်းရှိလို့နေသေးတယ်။ သစ်ပင်ကြီးဟာ အလွန်တရာမှ ကြီးမားပြီး အင်မတန်ခိုနားချင်စရာ ကောင်းတာကြောင့် ငှက်ဆိုတာ တစ်ကောင်မှတောင်မရှိ။ ဘာအပင်လည်းလို့တော့ လာမမေးနဲ့ ခန့်မှန်းဖို့ရာ သစ်ရွက်တစ်ခုမှမရှိ။
ထိုသို့ အလွန်ပင် နေချင့်စဖွယ်ကောင်းအောင် ခြောက်သွေ့နေတဲ့ နေရာမှာ ထူးထူးခြားခြား စိုတဲ့အရာတော့ရှိ၏။ ထိုအရာကား သောင်ပြင်ဘေးက စမ်းချောင်းလေးပင်ဖြစ်သည်။ခရီးကြမ်းကို နှင်လာရတာကြောင့် ရေဆာနေတဲ့ မြေခွေးအိုကြီးဟာ သောင်ပြင်ဘေးက ထိုစမ်းချောင်းလေးကို မြင်လိုက်ရတဲ့အခါမှာ အူယားဖားယားပြေးဖို့ကြံလိုက်ပေမယ့် အသက်အရွယ်ကြောင့်ရော လမ်းကြမ်းက ရခဲ့တဲ့ ခြေဖဝါးဒဏ်ရာတွေကြောင့်ရော တစ်လက်မကို တစ်မိနစ်နှုန်းဖြင့် ပြေးလို့လာခဲ့သတဲ့။
YOU ARE READING
သောင်ပြင်က မြေခွေးအိုကြီး
Short Storyမြေခွေးအိုကြီးကို အမှူးထား၍....😁😁 Fiction မဟုတ်ပါ။