-2-

58 17 0
                                    

My Radio-2 (Unicode)

မနက်ခင်းအသံလွှင့်တာက နောက်ဆုံးbreak ရောက်လာတယ်။တရစပ်တက်နေတဲ့ commentတွေကိုဖတ်ရင်း Earphoneကသီချင်းပြီးသွားမယ့်အချိန်ကို စောင့်‌တယ်။P'Keyလက်ပြလာရင် Gunအဆင်သင့်ပြောရုံပါပဲ။

မိုးကတော့ သည်းကြီးမည်းကြီး ရွာနေတုန်းဖြစ်တယ်။မီးဖွင့်ထားတဲ့အတွက် Studioထဲမှာ လင်းလင်းချင်းချင်းရှိပြီး အပူပေးစက်ပါဖွင့်ထားတာမို့ သိပ်မအေးပါဘူး။အပြင်ကမိုးသံကို မကြားနိုင်လောက်အောင် အခန်းက လုံတယ်။နောက်ဆုံးအပိုင်းအတွက် Keyလက်ပြလိုက်တယ်။

"အခုဆိုရင်တော့ Morning Airရဲ့ နောက်ဆုံးအပိုင်းကို ရောက်လာပါပြီ...စံတော်ချိန်ကတော့ 8:50တိတိဖြစ်ပါတယ်...commentတွေမှာတော့ ကားပိတ်နေတဲ့ အကြောင်းတွေက အများဆုံးပါ...တကယ်လို့ ကားပိတ်နေရင် စိတ်အရမ်းညစ်မနေဘဲ သီချင်းဖြစ်ဖြစ် နားထောင်ပြီး စိတ်ထွက်ပေါက်ရှာလိုက်ပါ...အလုပ်နောက်ကျနေပြီဆိုရင်လဲ အဖွဲ့မှူးကို သေချာရှင်းပြလိုက်ကြပါနော်...ကျောင်းသားတွေကလည်း နွေးနွေးထွေးထွေးနဲ့ စာသင်ကြပါ...ညနေပိုင်းမှာတော့ မိုးပါးသွားဖို့ ဆုတောင်းပါတယ်...အခုတော့ Nobody but youဆိုတဲ့ သီချင်းလေးနားထောင်ပြီး အစီအစဉ်ကို အဆုံးသတ်ကြရအောင်ပါ...Morning Airပြီးသွားရင်လည်း တခြားအစီအစဉ်ကောင်းတွေ အများကြီးရှိသေးတာမို့ လိုင်းမပြောင်းကြပါနဲ့ဦး... အားလုံးပဲ ပျော်ရွင်ကြပါစေ"

အစီအစဉ်အဆုံးသတ်သွားခါမှ Gunအသက်ကောင်းကောင်း ရှူနိုင်တော့တယ်။ပုံမှန်ပြောနေကျဆိုပေမဲ့ 'တကယ်လို့အမှားပါသွားရင်'ဆိုတဲ့ စိတ်က အသံလွှင့်နေတဲ့ တစ်လျှောက်လုံး ဖိစီးတာမို့ အားလုံးပြီးသွားခါမှ အသက်ရှူချောင်တာဖြစ်တယ်။P'Keyအပါအဝင် အားလုံးက လက်မထောင်ပြတာမို့ Earphoneကို ချွတ်ပြီးပြုံးပြရင်း သူတို့ဆီကို သွားလိုက်တယ်။

"နားထောင်နှုန်းဘယ်လောက်လဲ"

"နေဦး...သီချင်းအခုထိမပြီးသေးဘူး"

အသံလွှင့်ပြီးတာနဲ့ Teamတစ်ခုလုံး အသိချင်ဆုံးအရာက နားထောင်နှုန်း(rating)ဖြစ်တယ်။နှစ်အစပိုင်းကတည်းက Morning Airရဲ့ နားထောင်နှုန်းက 4.5မှာပဲရှိတယ်။Radio Userများတဲ့ မနက်ခင်းပိုင်းမှာတောင် 4.5ပဲရတာက Gunတို့အတွက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။တစ်နေ့နေ့တော့ အ‌ဆင်ပြေမှာပါဆိုတဲ့စိတ်နဲ့ နေ့တိုင်းလွှင့်နေရတယ်။

My RadioWhere stories live. Discover now