အပိုင်း(၆)

1.1K 99 3
                                    


💐💐နေရာချင်းလဲလိုက်မှအတော်ပဲ💐💐

🌺🌺 Yizhan 🌺🌺

☘️☘️ Short Fic ☘️☘️

💎💎 Part 6 💎💎

ရှောင်ကျန့်ကတော့ ဘာမှထပ်မပြောတော့ပဲ အိမ်ပေါ်ကိုဟန်ပါပါတက်သွားတော့တယ်။

""အယ်ခုမှ ဒုက္ခပဲ သူ့အခန်းကဘယ်အခန်းလည်း ငါလည်းမသိဘူး အခန်းမှားဝင်ရင်တော့ခက်ပြီ""

ထို့နောက် ရှောင်ကျန့်အကြံရသွားကာ..

""ဟာ ဟုတ်ပြီ သူကဒီအိမ်ကသခင်လေးပဲ အကြီးဆုံးအခန်းကသူ့အခန်းပဲ မဟုတ်ရင်လည်း အထဲကဟာတွေဖယ်ထုတ်ပစ်မယ်""

ထိုအတွေးနဲ့အတူ ရှောင်ကျန့် အပေါ်ထပ်က အကြီးဆုံးနဲ့ အကျယ်ဆုံးအခန်းကိုဝင်သွားလိုက်တော့တယ်။

ဝမ်ချင်းအောက်ကနေကြည့်နေရင်း

""အဲ့ဒါငါ့အခန်း""

ရှောင်ကျန့် ဝမ်ချင်းအော်သံကြောင့်ခေါင်းဆောင်းကြည့်ကာ

""ဟုတ်လား ကျဲအခန်းပေါ့""

ဆိုကာ အခန်းထဲဝင်သွားပြီး

အခန်းထဲရှိသမျှပစ္စည်းတွေအပြင်ကိုလွင့်ပစ်တော့တယ်။

ဝမ်ချင်းမှာပါးစပ်အဟောင်းသားဖြင့်ပင်..

အခန်းထဲပစ္စည်းအားလုံးတစ်ခုမကျန်လွှင့်ပြစ်ပြီးမှ အပြင်ထွက်လာကာ..

""ဒီနေ့ကစပြီး ဒါကျွန်တော့်အခန်းပဲ ကျဲတို့နေချင်တဲ့နေရာမှာနေ မနေချင်ဆင်းသွား""

""ဒါပါးနဲ့မားပိုင်တဲ့အိမ် အလေးပေးထားတာကိုရောက်တက်မလာနဲ့""

""အခုကျွန်တော်က အရင်ကလိုပြုသမျှနုနေမဲ့ ရှင်းချန် မဟုတ်တော့ဘူးနော် သဘောပေါက်""

ဒေါ်မိန်လီ ဝမ်ချင်းနဲ့ ဝမ်ချောင်တို့မှာ ရှောင်ကျန့်စကားကိုပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြလေတယ်။

ဦးထန်မန်ကတော့သူ့တူကိုပြုံးပြုံးကြီးနဲ့ကြည့်နေလေတယ်။

စိတ်ထဲမှာလည်း""ဒါမှငါ့တူကွ""လို့ ပြောနေပါတော့တယ်။

အိမ်တော်ထိန်းကြီးနဲ့ အလုပ်သမားများမှာလည်း ပြောင်းလဲသွားတဲ့ ရှင်းချန်ပုံစံကိုသဘောကြနေတော့တယ်။

နေရာချင်းလဲလိုက်မှအတော်ပဲ(Completed)Where stories live. Discover now