သေတစ်ပန် သက်တစ်ဆုံး

194 30 6
                                    

Unicode Version

"လွှတ်..အခုလွှတ်ပေး"

"မလွှတ်တော့ ဘာဖြစ်ချင်လဲကွာ"

ပုံမှန်ဆို အလျှော့ပေးတတ်တဲ့ ကျွန်တော်က နှုတ်ခမ်းခပ်ပါးပါးလေးကို ဘဲနှုတ်သီးလေးလိုဆူထော်ထားပြီး ရန်တွေ့နေတဲ့ကောင်လေးကြောင့် ဘယ်တုန်းက ပုန်းအောင်းနေလေလဲမသိရတဲ့ အနိုင်ယူလိုစိတ်တွေဟာ ရင်ထဲမှာ တလိပ်လိပ်တရိပ်ရိပ်..။

"ဒီစာအုပ်ကို ကျွန်တော်အရင်မြင်တာဗျ"

အထိမခံတဲ့ ရွှေပန်းကန်လေးကလည်း လုံးဝအလျှော့မပေးဘဲ စာအုပ်ကို လက်နှစ်ဖက်လုံးနဲ့ဆွဲလုနေတယ်။ တစ်ဆိုင်လုံးမှာမှ တစ်အုပ်တည်းကျန်တော့တဲ့စာအုပ်ကို နှစ်ယောက်လုနေတာကြောင့် ဆိုင်ထဲမှာရှိတဲ့ တခြားလူတွေကလည်း ကျွန်တော်တို့နှစ်ယောက်ကို ဝိုင်းငေးနေလေရဲ့။

"ဒါပေမယ့် ကိုယ်အရင်ကောက်ကိုင်လိုက်တာလေ"

"မရဘူး။ ခင်ဗျား မညစ်နဲ့။ ကျွန်တော်အရင်မြင်တာပါဆို"

ခေါင်းတခါခါနဲ့ ငြင်းချက်ထုတ်နေတဲ့ ကောင်လေးကို တမေ့တမောငေးရင်း ကျွန်တော်ငုတ်တုတ်မေ့ရပါတယ်။ ဆံပင်ကောက်ကောက်လေးတွေ ယိမ်းခါသွားရာနောက်ကို ကျွန်တော့်နှလုံးသားလေးကိုပါ ချိတ်ဆွဲသွားသလိုပါပဲ။ အဆက်မပြတ်ရမ်းခါနေလိုက်တာမှ ကူရာကယ်ရာမဲ့ပါတယ်။

"မြင်တာနဲ့ပဲ မင်းကပိုင်သွားရောလားကွ။ အဲ့လိုကြေးဆိုရင် မင်းကိုအပိုင်သိမ်းလိုက်တော့မယ်။ ကိုယ် မင်းကိုကြည့်နေတာ ဆယ်မိနစ်တောင်ကျော်ပြီ"

"ဘာဗျ"

ချက်ချင်းဆိုသလို ရဲတက်သွားတဲ့ပါးပြင်လေးဟာ နှင်းဆီနီတွေ အခင်းလိုက်ဖူးပွင့်လာသလို ငုံ့ကိုင်းပြီး နမ်းရှိုက်ပစ်ချင်စရာ..။

"ကြားတဲ့အတိုင်းပဲလေ"

"ခင်ဗျား..ခင်ဗျားလူကြီးဖြစ်ပြီး စကားကို တည်တည်တံ့တံ့မပြောဘူး"

"ကောင်းပြီလေ။ လူကြီးတွေ စကားကိုတည်တည်တံ့တံ့ပြောရင် ဘယ်လိုမျိုးလဲဆိုတာ ပြရမလား"

မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကိုမော့ကြည့်လာတဲ့ ကောင်လေးရဲ့ဖြူစင်မှုတွေဟာ မျက်နှာထက်မှာ ပကတိအထင်းသား။ ဒီဖြူစင်မှုလေးမှာ ဘယ်သူကများ အရောင်ဆိုးရက်ပါ့မလဲလေ။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Nov 07, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

My AdorationWo Geschichten leben. Entdecke jetzt