သက်ဆုံးတိုင်ထိသာ(အပိုင်း_၁)

337 11 2
                                    

    တရုတ်ပြည်ပေကျင်းမြို့ရဲ့လမ်းမပေါ်မှာကျောင်းဝတ်စုံလေးဝတ်ပြီးစက်ဘီးစီးကာသွားနေတဲ့ကျောင်းသားလေး။မျက်နှာကအချေမျက်နှာပုံပေါက်နေသည်။ကျောင်းသားလေဟာစားသောက်ဆိုင်တစ်ရှေ့ရပ်လိုက်သည်။စားသောက်ဆိုင်နာမည်က'romantic'တဲ့။စက်ဘီးထိုင်ခုံအနောက်မှာဂျပ်ပုံးတွေကိုကျောင်းသားလေးသယ်လာတယ်။ဆိုင်လေးအသွင်ပြင်ကအပန်းရောင်ခြယ်ထားသည်။ဆိုင်ရှေ့ဖြက်လာတဲ့လူမှန်သမျှကိုထိုဆိုင်အပြင်ရဲ့အလှပကဆွဲဆောင်လွန်းတာမို့ဝင်သူထွက်သူများသည်။ကျောင်းသားလေးကဆိုင်ထဲဝင်သွားခဲ့သည်။ဆိုင်ထဲဝင်လိုက်တော့ဆိုင်မှာထိုင်စားသောက်နေတဲ့မိန်းကလေးတွေကိုဖမ်းစာလွန်းတယ်။ကျောင်းသားလေးကတော့ဂရုမစိုက်။ဂျပ်ပုံးလေးကိုဆိုင်ပိုင်ရှင်အဘိုးရှာင်းလု ပေးလိုက်သည်။

"ဘိုးဘိုးဒီမှာပါဗျ"

ရှောင်းလုက ခပ်ချေချေမျက်နှာနဲ့ကျောင်းသားလေးကိုတစ်ချက်ကြည့်လိုက်ပြီးပြောသည်။

"ဒီမှာစောင့်လူကလေးဝမ်ရိပေါ်ဘိုးဘိုးပိုက်ဆံသွားယူအုံးမယ်"

ခေါင်းတစ်ချက်ညိမ့်ပြလိုက်တော့ဆိုင်ပိုင်ရှင်ဖြစ်တဲ့ဘိုးဘိုးရှောင်းလုကဟင်းချက်ခန်းရဲ့အနောက်ဘက်ကပိတ်ထားသောတံခါးပေါက်ကိုဖွင့်ကာဝင်သွားသည်။မကြာပါ ချက်ချင်းရောက်လာသည်။ယွမ်အနည်းငယ်မျှသာရှိတဲ့ပိုက်ဆံကိုယူလိုက်သည်။အရိုသေပြုကာထွက်သွားတော့သည်။စက်ဘီးစီးပြီးကျောင်းရှိရာသို့သွားသည်။ဟုတ်တယ်၊ကျောင်းသားလေးနာမည်ကဝမ်ရိပေါ် အသာလည်းဖွေးတယ်၊အရပ်လည်းရှည်တယ်၊ခန့်ညားချောမောလှတဲ့မျက်နှာကိုပိုင်ဆိုင်ထားပေမယ့်ခပ်ချေချေပါပဲ။မိသားစုဆိုလို့ဖခင်နဲ့အစ်ကိုသာရှိသည်။မားကတော့ဆုံးသွားတာတစ်နှစ်ရှိပြီ။ပါးကကားတိုက်မှုဖြစ်သွားတယ်။ကံကောင်းသွားတာကအသက်ဆုံးရှုံးမှုမရှိပဲခြေထောက်မကောင်းတော့ဝှီးချဲလ်နဲ့သာ ပါးကဝမ်ရိပေါ်တို့ညီအစ်ကိုနှစ်ယောက်ဘေးမှာဆက်လက်ရှိနေပေးတယ်။ဝမ်ရိပေါ်ရဲ့အစ်ကိုဝမ်ချန်ရိတော့ပုလဲဒီဇိုင်းကုမ္မဏီမှာအလုပ်လုပ်နေသည်။ကျောင်းရောက်တော့စက်ဘီးပေါ်ကဆင်းကာအတန်းထဲသွားသည်။ပြတင်းပေါက်ဘေးမှာထိုင်လိုက်တယ်။ဒါကဝမ်ရိပေါ်နေရာ။စာထိုင်လုပ်နေသည်။ဝမ်ရိပေါ်ကစာကြိုးစားသလိုကျောင်းမှာလည်းစာအတော်ဆုံးကျောင်းသားကိုမေးရင်တော့အဲ့ဒါကဝမ်ရိပေါ်။အပေါင်းသင်းပြည့်စုံစွာမရှိပေမယ့်သူငယ်ချင်းဆိုလို့တစ်ယောက်ရှိတယ်။ဟန်ကျိုးက ဝမ်ရိပေါ်အခင်ဆုံးသူငယ်ချင်း၊ပြောရင်းဆိုရင်းရောက်လာပြီး။

သက်ဆုံးတိုင်ထိသာWhere stories live. Discover now