သက်ဆုံးတိုင်ထိသာ(အပိုင်း_၂)

77 6 1
                                    

စက်ဘီးနဲ့အရှိန်လွန်ပြီးအဆင်းကိုရောက်လာတာမို့ ဝမ်ရိပေါ်စက်ဘီးစီးရာကနေလဲကျသွားသည်။လက်မောင်းနားကဒဏ်ရာရသွားသောလည်း မနည်းအားယူထလိုက်သည်။နွားနို့တွေလည်းမှောက်သွားတာမို့ဒီနေ့ဖို့ပိုက်ဆံမရတော့ပါဘူးထင်ပါရဲ့။ဆိုင်ရှင်ဘိုးဘိုးရှောင်းလုကိုလည်းဘယ်လိုပြောရမှာလဲ။စိတ်ရှုပ်စွာဆံပင်တွေကိုသာလက်နဲ့ထိုးဖွမိတော့သည်။ရှောင်းကျန့် အဝေးကနေပင် ဝမ်ရိပေါ်ရဲ့ဖြစ်စဉ်ကိုလက်ပိုက်ပြီးရပ်ကြည့်မိသည်။ကူမယ့်သူလည်းတစ်ယောက်မှမရှိတာမို့သွားလိုက်သည်။

"ကောင်လေး"

ခေါ်သံကြားရာကြောင့်ဝမ်ရိပေါ်လှည့်ကြည့်မိသည်။သိပ်လှတာပဲ ဖမ်းစားလွန်းတဲ့မျက်ဝန်းလေးနဲ့မျက်နှာသွယ်သွယ်ဝိုင်းဝိုင်းလေးရယ်၊ပါးပြင်ကလည်းပန်းရောင်ဘက်သွားနေသလိုပင်။ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းအောက်မှာမှည့်နက်သေးသေးလေးနဲ့ယောင်္ကျားလေးတစ်ယောက်ကိုဝမ်ရိပေါ်ငေးမောသွားရတာပါပဲ။ရှောင်းကျန့်လက်ဖြောက်တစ်ချက်တီးလိုက်မှဝမ်ရိပေါ်သတိရသွားသည်။

"ရရဲ့လား"

"ရပါတယ်"

"မင်းတို့အခုခေတ်လူငယ်တွေကလည်းတစ်ခုခုဆိုသိပ်ဖုံးကွယ်ထားကြတာ၊ဘယ်အရာမဆိုမှန်မှန်လည်းမပြောဘူး"

ရှောင်းကျန့်က သူထက်ထွားကြိုင်း၍အရပ်၆ပေကျော်လောက်ရှည်လွန်းသောအသာဖွေးဖွေးဗလတောင့်တောင့်နဲ့ကောင်လေးဝမ်ရိပေါ်ရဲ့ရသွားတဲ့ဒဏ်ရာကိုယူကြည့်မိသည်။ရှောင်းကျန့်က ဝမ်ရိပေါ်ကိုဆေးဆိုင်ခေါ်ခဲ့ပြီး ကိုယ်တိုင်ပတ်တီးပက်ပေးနေတဲ့ရှောင်းကျန့်မျက်နှာလေးကိုငေးကြည့်မိသည်။ရင်တွေကလည်းခုန်လာတယ်။ဒါဘယ်လိုခံစားချက်ကြီးလဲ၊သူ့ထက်အသက်ကြီးတဲ့ယောင်္ကျားလေးတစ်ယောက်ကိုသူရင်ခုန်နေတဲ့ခံစားချက်ကြီး။

"ရပီ"

"ကျေးဇူးဗျ"

"မင်းဘယ်သွားမှာလဲငါလိုက်ပို့မယ်"

"အဲ ဟိုစားသောက်ဆိုင်ပါ"

"အင်း ဟုတ်ပြီ"

စက်ဘီးနောက်ထိုင်ခုံမှာထိုင်တက်လိုက်တဲ့ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်ကြောင်သွားသည်။သူပြောထားတယ်လေ၊သူလိုက်ပို့မှာလို့။

သက်ဆုံးတိုင်ထိသာWhere stories live. Discover now