^_Part(1)_^

20 5 0
                                    

Unicode
မနက်ခင်း အလင်းရောင်ခြည်သည်ပြတင်းပေါက်မှန်မှတဆင့် အိပ်ခန်းတွင်းသို့ဖျာကြလျက်ရှိသည်။အိပ်တန်းမှထလာသော ငှက်ကလေးများ၏ တကျီကျီတေးသီဆိုသံများသည်လည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။ တိုက်ရှေ့ရှိလမ်းလေးတွင်တော့ လူသွားလူလာသိပ်မရှိပေ။ပြတင်းပေါက်မှန်ကနေ အပြင်ဘက်ရှိသစ်ပင်များမှ သစ်ရွက်ကလေးများသည်လေပြေလေးများ ဖြည်းညင်းစွာတိုက်ခတ်သွားေသာ်လည်း လေအရှိန်ကြောင့်လှုပ်ရမ်းလျက်ရှိသည်ကို ကြည့်ကာ ဝမ်းနည်းစိတ်များဝင်လာသည်။
ကျတော်မနေ့ညက အိပ်လို့မပျော်ပါ၊မနက်5:00လောက် ညကတည်းနိုးနေတာခုဆို6:30လောက်ရှိနေပီ။မနက်ခင်းလေးကသာယာလိုက်တာ နေလုံးကြီးကသူ့တာဝန်အတိုင်း အလင်းရောင်ခြည်များ ထုတ်လွှတ်ကာပတ်ဝန်းကျင်ကို အကျိုးပြုလျက်ရှိ၏
လူကလည်းနုံးနေသဖြင့် ရေမိုးချိုးကာအကျီလဲလိုက်သည်။ခုတော့အိမ်ခေါင်မိုးထက်ခဏတက်ပြီးညကောင်းကင်ကြီးကို မော့ငေးချင်သည်။
ဒါကြောင့်ပဲ အိမ်ခေါင်မိုးထက်တက်ခဲ့လိုက်သည်........။
အိမ်ခေါင်မိုးတက်လာကာ ခုံတန်းလေးတွင်ဝင်ထိုင်လိုက်သည်။ကောင်းကင်ကြီးက သိပ်လှတာပဲသိလား....?အပြာနုရောင်တိမ်ဆိုင်တိမ်လွှာလေးများကလေ သိပ်လှတာပဲ။အပြာနုရောင်ဆိုကာမှ လူတယောက်ကိုသတိရမိသည်.....သူကအပြာနုရောင်ဆိုသိပ်ကြိုက်တာလေ......။သူ့အကြောင်း မတွေးချင်တော့ပါ။မနေ့ညကတညလုံး တွေးထားရတာနဲ့တင်လုံလောက်ပြီးမဟုတ်လား။ကောင်းကင်ကြည့်ကို ငေးကြည့်ရင်းမနေ့ညကအဖြစ်အပျက်များကို သတိရမိသည်။​ေမေ့ထားချင်သော်လည်း မေ့ဖို့မဖြစ်နိုင်ပါ။မနေ့ညကကျတော်နဲ့စိုင်း .စကားများကြသေးသည်.....။စိုင်းဆိုတာကကျတော်ရဲ့အချစ်ရဆုံး သူငယ်ချင်းလေး....အော်မှားလို့သူငယ်ချင်းထက်ပိုသောစိတ်၊ ကျတော်စိုင်းကိုချစ်မိနေတာ 3နှစ်လောက်တောင်ရှိရော့မည်။အစတုန်းကတော့ စိတ်ကစားခြင်းလို့ကျတော်ထင်ခဲ့မိတယ်....ဒါေပမဲ့အချိန်ကြာလာတာနှင့်အမျှ ကျတော်ရင်ထဲကခံစားချက်များသည် စိတ်ကစားခြင်းမဟုတ်ဘဲတကယ်ချစ်မိသွားသည်ဆိုတာကို တဖြည်းဖြည်းနဲ့သိလာခဲ့တယ်။သို့သော်.......ယောက်ျားလေးတယောက်က....ယောက်ျားလေးတယောက်အပေါ် ချစ်မိခြင်းသည် ဘယ်လိုမှမဖြစ်နိုင်ပါ။လောကကြီးတွင် ယောက်ျားတယောက်ကမိန်းကလေးတယောက်အပေါ် သာချစ်ခွင့်ရှိသည်ဟုတယူသံစွဲနေကြသည်မဟုတ်လား.....အကယ်၍ချစ်ခွင့်ရှိပါသည်ဆိုလျှင်တောင် နှစ်ယောက်စလုံးတွင်ခံစားချက်ရှိမှသာလျှင်အချစ်တခုနှင့် ဘ၀တခုကိုတည်ဆောက်လို့ရမည်.....တဖက်တည်းသော ခံစားချက်တခုတည်းကြောင့်တော့တည်ဆောက်၍ မရနိုင်ပါ....။စိုင်းကတော့ကျတော့်အပေါ်ကို သူငယ်ချင်းထက်မပိုသော်ငြားလည်း ပိုချင်​ေနေသောကျတော်ကသာ အပြစ်လုပ်မိသူဖြစ်သည်။စိုင်းကိုချစ်နေသော ကျတော်ကစိုင်းကိုတော့ချစ်နေပါသည်ဟု ဖွင့်မပြောချင်ပါ.... အကယ်၍ဖွင့်ပြောလိုက်မိလျှင် ကျတော်တို့သူငယ်ချင်းဆက်ဆံရေး ပျက်သုန်းသွားလိမ့်မည်။ကျတော်သူ့နားမှနေရလျှင်ပင် ကျေနပ်ပါပြီလေ....။မနေ့ညကအဖြစ်အပျက်ကို ပြောရမည်ဆိုလျှင်တော့ဒီလိုပေါ့.
........
လွယ်အိပ်ထဲက စာအုပ်တွေ အကုန်လုံးကိုသွန်ချကာသချ်ာစာအုပ်ကို ရှာသော်လည်းမတွေ့.....အော်ခုမှသတိရတယ် ကျောင်းမှာကျန်ခဲ့တယ်ထင်တယ်......စိုင်းယူလာခဲ့မယ်ထင်သည်။စိုင်းအိမ်နဲ့ကျတော်အိမ်က ဟိုဘက်ခြံနဲ့ဒီဘက်ခြံ၊အလယ်တွင် တံတိုင်းတခုသာခြားသည်။10တန်းတက်နေသောကျတော်တို့ နှစ်ယောက်တွင် ကျတော်ကပိုပြီးစာညံ့တယ် ...အဟိ..ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာ။နေ့လည်က ကျောင်းပြန်ချိန်တွင်လောလောနှင့် စာအုပ်တွေအလျင်စလိုကောက်သိမ်းကာထွက်လာသောကြောင့် ကျန်ခဲ့တာဖြစ်ရမည်လေ။စိုင်းနဲ့ကျတော်ကျောင်းတွင် ဘေးချင်းကပ်လျက်ထိုင်ကြသည်...ကျတော်စာအုပ်ကျန်ခဲ့လျှင်လည်းစိုင်းက အမြဲယူလာပေးသည်၊နေ့လည်ကစိုင်းရဲ့ကောင်...မ....လေးက ကားပျက်နေလို့တဲ့ စိုင်းကားကိုကပ်စီးတယ်လေ ကျတော်နဲ့စိုင်းကကျောင်းပြန်လျှင် တူတူပြန်ကာစိုင်းကားနှင့်သာ ကျောင်းကိုလာသည်။စိုင်း...ကောင်....မလေး....ပါမယ်ဆိုတော့ ကျတော်ကားတစီးတည်း အတူမစီးချင်ပါထို့ကြောင့်ကျတော်တယောက်တည်းဘတက္ကစီနဲ့ပြန်လာခဲ့သည်။
"ဟာ....ကွာဟိုမိန်းမအကြောင်း မတွေးချင်ပါဘူးဆိုမှ"
ပုံမှန်ဆိုမနက်ဖြန်မှသာ စာအုပ်ယူသည်ခုကစာမေးပွဲနီးနေပြီဆိုတော့ စာပြန်ကြည့်ရမည်လေ.....။
အိမ်အောက်ထပ်သို့ ဆင်းခဲ့သည်..။
"မေမေရေ"
"ပြောသား"
"သားစိုင်းခမ်းဆီသွားလိုက်ဦးမယ်"
"သွားသွား"
"ဟုတ်"
ခြေလှမ်းငါးလှမ်းလောက်လှမ်းလျှင်စိုင်းတို့အိမ်ကိုရောက်ပီ။
စိုင်းတို့အိမ်ထဲရောက်တော့ အန်တီသီကဧည့်ခန်းထဲတွင် ထိုင်နေသည်။
"အန်တီသီ"
"အော် ...သားလာထိုင်လေ"
"မထိုင်တော့ဘူးအန်တီစိုင်းခမ်းဆီပဲသွားလိုက်ဦးမယ်"
"အေး..အေးသား"
လှေကားကနေ တဆင့်အပေါ်ကို တက်လာခဲ့ပြီး စိုင်းအခန်းရှေ့ရောက်တော့ အခန်းထဲ၌ စကားပြောနေသံများ ကြားသည်။
"ဘာတွေများပြောနေတာလဲသိဘူး"
သိချင်လွန်းလို့ နားစွင့်ကြည့်လိုက်သည်။
"ကိုယ်မနက်ဖြန်မအားလို့ပါဆောင်းရယ်"
"ဟာ...မသိဘူးသွား...ဘာမှလာမပြောနဲ့..."
အော်....ခုမှပဲသိတော့တယ် ဘယ်သူနဲ့ပြောနေလဲဆိုတာ။
"ကိုကိုနော်မနက်ဖြန်မှမပို့ပေးရင်ဆောင်းနဲ့ကိုကိုနဲ့အပြတ်ပဲနော်"
"ဟာ...အဲ့လိုတော့မလုပ်ပါနဲ့မနက်ဖြန်ဟိုေကာင့်ပို့ပေးခိုင်းလိုက်မယ်နော်"
"ပြီးတော ပစ္စည်းရောက်လာဖို့ပဲအရေးကြီးတယ်"
ဘာ...ငါ့ကိုများပို့ခိုင်းဦးမယ်...သူနာမည်က ဆောင်းလေပြေ...၊စိုင်းခမ်းရဲ့ရည်းစား၊အရင်နှစ်ပတ်လောက်တုန်းက ဆောင်းလေပြေကစိုင်းကို ဖိနပ်ဝယ်ပေးပါဟုအပူကပ်၏...စိုင်းလည်းဆောင်းလေပြေကို...အရမ်းအလိုလိုက်သည် သူဝယ်ခိုင်းသောဖိနပ်ကလည်းမြန်မာနိုင်ငံတွင်ရှိသောဖိနပ်မဟုတ်Singapore တွင်အကန့်အသတ်ဖြင့် ထုတ်လုပ်သော ဖိနပ်ဖြစ်သည်။Singapore တွင်ကျတော်ရဲ့သူငယ်ချင်းမလေးရှိသည်....အဲဒါကိုစိုင်းကကျတော့်သူငယ်ချင်းကိုပြောပြီး ဖိနပ်လေးဝယ်ပေးပါလို့အကူအညီတောင်းသည်...ကျတော်ကလည်းမလုပ်ပေးချင်သောကြောင့် အတင်းငြင်းသော်လည်း ချွဲ့နွဲ့ကာပြောနေသောကြောင့်အလျှော့ပေးကာ ဖိနပ်အားမှာပေးလိုက်ရသည်...သူငယ်ချင်းကလည်းမိန်းကလေးဖြစ်သောကြောင့် အကူအညီတောင်းရာတွင် အဆင်ပြေသည်။ဖိနပ်ကမှာပြီး နှစ်ပတ်လောက်ကြာမှ မြန်မာနိုင်ငံကိုပို့ပေးကာ ပစ္စည်းကစိုင်းဆီရောက်နေပြီ ဖြစ်သော်လည်း ဆောင်းလေပြေဆီကိုတော့ မပေးရသေး။ခုလည်း...ကျတော်ကိုပစ္စည်းပို့ခိုင်းဦးမယ်တဲ့...မပို့ပေးချင်ပါ၊အကျင့်ယုတ်တယ်ပဲပြောပြော ကိုယ်ချစ်ရသူက သူချစ်ရသူအတွက်​ ပေးသောပစ္စည်းအား ပို့ပေးရအောင် ကျတော်အဲ့လောက်ထိအသဲမမာပါ... တော်ကြာကျတော်ကိုမြင်သွားလျှင် ပစ္စည်းပို့ခိုင်းမည်ဖြစ်သောကြောင့်....မမြင်အောင်အမြန်ပြန်မှရမည်။ကျတော်ကိုယ်တိုင်လည်း ဤနေရာ၌ ဆက်မနေချင်တော့သောကြောင့် လှည့်ထွက်လာခဲ့သည်...။
Readersတယောက်ချင်းဆီကို ကျေးဇူးတင်ပါသည်။
Myine Thawy Chal🌠❤
17.9.2021
__________________________________
Zawgyi
မနက္ခင္း အလင္းေရာင္ျခည္သည္ျပတင္းေပါက္မွန္မွတဆင့္ အိပ္ခန္းတြင္းသို႔ဖ်ာၾကလ်က္႐ွိသည္။အိပ္တန္းမွထလာေသာ ငွက္ကေလးမ်ား၏ တက်ီက်ီေတးသီဆိုသံမ်ားသည္လည္း သာယာနာေပ်ာ္ဖြယ္ေကာင္းလွသည္။ တိုက္ေ႐ွ႕႐ွိလမ္းေလးတြင္ေတာ့ လူသြားလူလာသိပ္မ႐ွိေပ။ျပတင္းေပါက္မွန္ကေန အျပင္ဘက္႐ွိသစ္ပင္မ်ားမွ သစ္႐ြက္ကေလးမ်ားသည္ေလေျပေလးမ်ား ျဖည္းညင္းစြာတိုက္ခတ္သြားေသာ္လည္း ေလအ႐ွိန္ေၾကာင့္လႈပ္ရမ္းလ်က္႐ွိသည္ကို ၾကည့္ကာ ဝမ္းနည္းစိတ္မ်ားဝင္လာသည္။
က်ေတာ္မေန႔ညက အိပ္လို႔မေပ်ာ္ပါ၊မနက္5:00ေလာက္ ညကတည္းႏိုးေနတာခုဆို6:30ေလာက္႐ွိေနပီ။မနက္ခင္းေလးကသာယာလိုက္တာ ေနလုံးႀကီးကသူ႕တာဝန္အတိုင္း အလင္းေရာင္ျခည္မ်ား ထုတ္လႊတ္ကာပတ္ဝန္းက်င္ကို အက်ိဳးျပဳလ်က္႐ွိ၏
လူကလည္းႏုံးေနသျဖင့္ ေရမိုးခ်ိဳးကာအက်ီလဲလိုက္သည္။ခုေတာ့အိမ္ေခါင္မိုးထက္ခဏတက္ၿပီးညေကာင္းကင္ႀကီးကို ေမာ့ေငးခ်င္သည္။
ဒါေၾကာင့္ပဲ အိမ္ေခါင္မိုးထက္တက္ခဲ့လိုက္သည္........။
အိမ္ေခါင္မိုးတက္လာကာ ခုံတန္းေလးတြင္ဝင္ထိုင္လိုက္သည္။ေကာင္းကင္ႀကီးက သိပ္လွတာပဲသိလား....?အျပာႏုေရာင္တိမ္ဆိုင္တိမ္လႊာေလးမ်ားကေလ သိပ္လွတာပဲ။အျပာႏုေရာင္ဆိုကာမွ လူတေယာက္ကိုသတိရမိသည္.....သူကအျပာႏုေရာင္ဆိုသိပ္ႀကိဳက္တာေလ......။သူ႕အေၾကာင္း မေတြးခ်င္ေတာ့ပါ။မေန႔ညကတညလုံး ေတြးထားရတာနဲ႔တင္လုံေလာက္ၿပီးမဟုတ္လား။ေကာင္းကင္ၾကည့္ကို ေငးၾကည့္ရင္းမေန႔ညကအျဖစ္အပ်က္မ်ားကို သတိရမိသည္။​ေေမ့ထားခ်င္ေသာ္လည္း ေမ့ဖို႔မျဖစ္ႏိုင္ပါ။မေန႔ညကက်ေတာ္နဲ႔စိုင္း .စကားမ်ားၾကေသးသည္.....။စိုင္းဆိုတာကက်ေတာ္ရဲ႕အခ်စ္ရဆုံး သူငယ္ခ်င္းေလး....ေအာ္မွားလို႔သူငယ္ခ်င္းထက္ပိုေသာစိတ္၊ က်ေတာ္စိုင္းကိုခ်စ္မိေနတာ 3ႏွစ္ေလာက္ေတာင္႐ွိေရာ့မည္။အစတုန္းကေတာ့ စိတ္ကစားျခင္းလို႔က်ေတာ္ထင္ခဲ့မိတယ္....ဒါေပမဲ့အခ်ိန္ၾကာလာတာႏွင့္အမွ် က်ေတာ္ရင္ထဲကခံစားခ်က္မ်ားသည္ စိတ္ကစားျခင္းမဟုတ္ဘဲတကယ္ခ်စ္မိသြားသည္ဆိုတာကို တျဖည္းျဖည္းနဲ႔သိလာခဲ့တယ္။သို႔ေသာ္.......ေယာက်္ားေလးတေယာက္က....ေယာက်္ားေလးတေယာက္အေပၚ ခ်စ္မိျခင္းသည္ ဘယ္လိုမွမျဖစ္ႏိုင္ပါ။ေလာကႀကီးတြင္ ေယာက်္ားတေယာက္ကမိန္းကေလးတေယာက္အေပၚ သာခ်စ္ခြင့္႐ွိသည္ဟုတယူသံစြဲေနၾကသည္မဟုတ္လား.....အကယ္၍ခ်စ္ခြင့္႐ွိပါသည္ဆိုလွ်င္ေတာင္ ႏွစ္ေယာက္စလုံးတြင္ခံစားခ်က္႐ွိမွသာလွ်င္အခ်စ္တခုႏွင့္ ဘ၀တခုကိုတည္ေဆာက္လို႔ရမည္.....တဖက္တည္းေသာ ခံစားခ်က္တခုတည္းေၾကာင့္ေတာ့တည္ေဆာက္၍ မရႏိုင္ပါ....။စိုင္းကေတာ့က်ေတာ္႕အေပၚကို သူငယ္ခ်င္းထက္မပိုေသာ္ျငားလည္း ပိုခ်င္​ေေနေသာက်ေတာ္ကသာ အျပစ္လုပ္မိသူျဖစ္သည္။စိုင္းကိုခ်စ္ေနေသာ က်ေတာ္ကစိုင္းကိုေတာ့ခ်စ္ေနပါသည္ဟု ဖြင့္မေျပာခ်င္ပါ.... အကယ္၍ဖြင့္ေျပာလိုက္မိလွ်င္ က်ေတာ္တို႔သူငယ္ခ်င္းဆက္ဆံေရး ပ်က္သုန္းသြားလိမ့္မည္။က်ေတာ္သူ႕နားမွေနရလွ်င္ပင္ ေက်နပ္ပါၿပီေလ....။မေန႔ညကအျဖစ္အပ်က္ကို ေျပာရမည္ဆိုလွ်င္ေတာ့ဒီလိုေပါ့.
........
လြယ္အိပ္ထဲက စာအုပ္ေတြ အကုန္လုံးကိုသြန္ခ်ကာသခ်္ာစာအုပ္ကို ႐ွာေသာ္လည္းမေတြ႕.....ေအာ္ခုမွသတိရတယ္ ေက်ာင္းမွာက်န္ခဲ့တယ္ထင္တယ္......စိုင္းယူလာခဲ့မယ္ထင္သည္။စိုင္းအိမ္နဲ႔က်ေတာ္အိမ္က ဟိုဘက္ျခံနဲ႔ဒီဘက္ျခံ၊အလယ္တြင္ တံတိုင္းတခုသာျခားသည္။10တန္းတက္ေနေသာက်ေတာ္တို႔ ႏွစ္ေယာက္တြင္ က်ေတာ္ကပိုၿပီးစာညံ့တယ္ ...အဟိ..ကိုယ့္ဂုဏ္ကိုယ္ေဖာ္ေနတာ။ေန႔လည္က ေက်ာင္းျပန္ခ်ိန္တြင္ေလာေလာႏွင့္ စာအုပ္ေတြအလ်င္စလိုေကာက္သိမ္းကာထြက္လာေသာေၾကာင့္ က်န္ခဲ့တာျဖစ္ရမည္ေလ။စိုင္းနဲ႔က်ေတာ္ေက်ာင္းတြင္ ေဘးခ်င္းကပ္လ်က္ထိုင္ၾကသည္...က်ေတာ္စာအုပ္က်န္ခဲ့လွ်င္လည္းစိုင္းက အၿမဲယူလာေပးသည္၊ေန႔လည္ကစိုင္းရဲ႕ေကာင္...မ....ေလးက ကားပ်က္ေနလို႔တဲ့ စိုင္းကားကိုကပ္စီးတယ္ေလ က်ေတာ္နဲ႔စိုင္းကေက်ာင္းျပန္လွ်င္ တူတူျပန္ကာစိုင္းကားႏွင့္သာ ေက်ာင္းကိုလာသည္။စိုင္း...ေကာင္....မေလး....ပါမယ္ဆိုေတာ့ က်ေတာ္ကားတစီးတည္း အတူမစီးခ်င္ပါထို႔ေၾကာင့္က်ေတာ္တေယာက္တည္းဘတကၠစီနဲ႔ျပန္လာခဲ့သည္။
"ဟာ....ကြာဟိုမိန္းမအေၾကာင္း မေတြးခ်င္ပါဘူးဆိုမွ"
ပုံမွန္ဆိုမနက္ျဖန္မွသာ စာအုပ္ယူသည္ခုကစာေမးပြဲနီးေနၿပီဆိုေတာ့ စာျပန္ၾကည့္ရမည္ေလ.....။
အိမ္ေအာက္ထပ္သို႔ ဆင္းခဲ့သည္..။
"ေမေမေရ"
"ေျပာသား"
"သားစိုင္းခမ္းဆီသြားလိုက္ဦးမယ္"
"သြားသြား"
"ဟုတ္"
ေျခလွမ္းငါးလွမ္းေလာက္လွမ္းလွ်င္စိုင္းတို႔အိမ္ကိုေရာက္ပီ။
စိုင္းတို႔အိမ္ထဲေရာက္ေတာ့ အန္တီသီကဧည့္ခန္းထဲတြင္ ထိုင္ေနသည္။
"အန္တီသီ"
"ေအာ္ ...သားလာထိုင္ေလ"
"မထိုင္ေတာ့ဘူးအန္တီစိုင္းခမ္းဆီပဲသြားလိုက္ဦးမယ္"
"ေအး..ေအးသား"
ေလွကားကေန တဆင့္အေပၚကို တက္လာခဲ့ၿပီး စိုင္းအခန္းေ႐ွ႕ေရာက္ေတာ့ အခန္းထဲ၌ စကားေျပာေနသံမ်ား ၾကားသည္။
"ဘာေတြမ်ားေျပာေနတာလဲသိဘူး"
သိခ်င္လြန္းလို႔ နားစြင့္ၾကည့္လိုက္သည္။
"ကိုယ္မနက္ျဖန္မအားလို႔ပါေဆာင္းရယ္"
"ဟာ...မသိဘူးသြား...ဘာမွလာမေျပာနဲ႔..."
ေအာ္....ခုမွပဲသိေတာ့တယ္ ဘယ္သူနဲ႔ေျပာေနလဲဆိုတာ။
"ကိုကိုေနာ္မနက္ျဖန္မွမပို႔ေပးရင္ေဆာင္းနဲ႔ကိုကိုနဲ႔အျပတ္ပဲေနာ္"
"ဟာ...အဲ့လိုေတာ့မလုပ္ပါနဲ႔မနက္ျဖန္ဟိုေကာင့္ပို႔ေပးခိုင္းလိုက္မယ္ေနာ္"
"ၿပီးေတာ ပစၥည္းေရာက္လာဖို႔ပဲအေရးႀကီးတယ္"
ဘာ...ငါ့ကိုမ်ားပို႔ခိုင္းဦးမယ္...သူနာမည္က ေဆာင္းေလေျပ...၊စိုင္းခမ္းရဲ႕ရည္းစား၊အရင္ႏွစ္ပတ္ေလာက္တုန္းက ေဆာင္းေလေျပကစိုင္းကို ဖိနပ္ဝယ္ေပးပါဟုအပူကပ္၏...စိုင္းလည္းေဆာင္းေလေျပကို...အရမ္းအလိုလိုက္သည္ သူဝယ္ခိုင္းေသာဖိနပ္ကလည္းျမန္မာႏိုင္ငံတြင္႐ွိေသာဖိနပ္မဟုတ္Singapore တြင္အကန္႔အသတ္ျဖင့္ ထုတ္လုပ္ေသာ ဖိနပ္ျဖစ္သည္။Singapore တြင္က်ေတာ္ရဲ႕သူငယ္ခ်င္းမေလး႐ွိသည္....အဲဒါကိုစိုင္းကက်ေတာ္႕သူငယ္ခ်င္းကိုေျပာၿပီး ဖိနပ္ေလးဝယ္ေပးပါလို႔အကူအညီေတာင္းသည္...က်ေတာ္ကလည္းမလုပ္ေပးခ်င္ေသာေၾကာင့္ အတင္းျငင္းေသာ္လည္း ခြၽဲ႕ႏြဲ႕ကာေျပာေနေသာေၾကာင့္အေလွ်ာ့ေပးကာ ဖိနပ္အားမွာေပးလိုက္ရသည္...သူငယ္ခ်င္းကလည္းမိန္းကေလးျဖစ္ေသာေၾကာင့္ အကူအညီေတာင္းရာတြင္ အဆင္ေျပသည္။ဖိနပ္ကမွာၿပီး ႏွစ္ပတ္ေလာက္ၾကာမွ ျမန္မာႏိုင္ငံကိုပို႔ေပးကာ ပစၥည္းကစိုင္းဆီေရာက္ေနၿပီ ျဖစ္ေသာ္လည္း ေဆာင္းေလေျပဆီကိုေတာ့ မေပးရေသး။ခုလည္း...က်ေတာ္ကိုပစၥည္းပို႔ခိုင္းဦးမယ္တဲ့...မပို႔ေပးခ်င္ပါ၊အက်င့္ယုတ္တယ္ပဲေျပာေျပာ ကိုယ္ခ်စ္ရသူက သူခ်စ္ရသူအတြက္​ ေပးေသာပစၥည္းအား ပို႔ေပးရေအာင္ က်ေတာ္အဲ့ေလာက္ထိအသဲမမာပါ... ေတာ္ၾကာက်ေတာ္ကိုျမင္သြားလွ်င္ ပစၥည္းပို႔ခိုင္းမည္ျဖစ္ေသာေၾကာင့္....မျမင္ေအာင္အျမန္ျပန္မွရမည္။က်ေတာ္ကိုယ္တိုင္လည္း ဤေနရာ၌ ဆက္မေနခ်င္ေတာ့ေသာေၾကာင့္ လွည့္ထြက္လာခဲ့သည္...။
Readersတေယာက္ခ်င္းဆီကို ေက်းဇူးတင္ပါသည္။
Myine Thawy Chal🌠❤
17.9.2021


You've reached the end of published parts.

⏰ Last updated: Nov 08, 2021 ⏰

Add this story to your Library to get notified about new parts!

မှားခဲ့သည်(မွားခဲ့သည္)Where stories live. Discover now