အရူးပညာရှိ

177 6 1
                                    

“အရူးပညာရှိ”

   အခန်း (၁)  ဆန္ဒ

     "ငါ့ နာမည် ရဲ့လန် .. "

   ငါက  လူ့အဖွဲ့အစည်းက သာမန်လူသားတစ်ဦး ဖြစ်ပြီး အလွန် ရိုးရှင်းသော မိသားစု တစ်ခုမှာ မွေးဖွား အသက်ရှင် နေထိုင် ခဲ့တယ်။
အကယ်၍ ငါ့ဘဝမှာ မတော်တဆမှုတစ်ခုသာ မဖြစ်ခဲ့ဘူးဆိုရင် သာမန် အမျိုးသမီး တစ်ဦးနဲ့ အိမ်ထောင်ကျနေလောက်ပြီ။ အရေးကြီးသည့်အချက်က ငါယူတဲ့မိန်းမက  တင်းတိမ် ရောင့်ရဲမှုရှိရမယ်။ ဇိမ်ခံပစ္စည်းတွေကိုလဲ မမက်မောဖို့ အရေးကြီးတယ်။ ဘာလို့လဲဆို ငါအဲ့ဒါတွေ မဖြည့်ဆည်းပေးနိုင်လို့ဘဲ။

ငါက သာမန် လူတစ်ဦးလို ဘဝကို ဆက်ပြီး ရှင်သန်ကြိုးစားရုန်းကန်ဖို့ ဆန္ဒရှိတယ်။  ငါ့ရဲ့ ဇနီးသည်ကို ကလေးတစ်ယောက် မွေးခိုင်းပြီး ကလေးကို အကောင်းဆုံးအရာတွေ ဖန်ဆင်းပေးနိုင်တဲ့ ဖခင်တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လည်း ဆန္ဒရှိခဲ့တယ်။

    ဒီလိုဘဝမျိုးမှာ အခက်အခဲပေါင်းများစွာ ရှိကောင်း ရှိနိုင်ပေမဲ့ အရာအားလုံးကို ခြုံငုံပြောရရင် ငါက သာမန်လူတစ်ဦး ဖြစ်နေအုံးမှာဘဲ။

   ဒါပေမဲ့ ငါ့ဆန္ဒတွေက ကြောက်စရာ အပြောင်းအလဲတစ်ခုကြောင့် အကောင်အထည်တောင်မပေါ်ဘဲ ပျက်စီးသွားခဲ့ရတယ်။

    ရဲ့လန် သည် သာမန်လူတစ်ဦးဖြစ်သည်။ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် သူသည် တခြားကမ္ဘာသို့ရောက်ရှိသွားကာ သာမန်လူဘဝကနေ ထူးခြားဆန်းကြယ်သော လူတစ်ယောက်အဖြစ်ပြောင်းလဲသွားလေ၏။
***
 
သူ့ဘဝအား စတင်ပြောင်းလဲစေခဲ့သည့် နေ့....

   ထိုနေ့က ရဲ့လန်သည် ရုတ်တရက် သွေးလှူရန် အခေါ်ခံ ခဲ့ရသည်။ သို့သော် သူ၏သွေးစစ်ဆေးချက် ရလဒ်က သွေးတွင် ပြဿနာ ရှိသည်ဟု ဆိုသောကြောင့် အသေးစိတ် ထပ်မံစစ်ဆေးရန် ဆေးရုံသို့ သွားခဲ့ရ၏။

ဆေးရုံတွင် ဆေးစစ်ချက် အဖြေထွက်ပေါ်လာသောအခါ သူ၏ စိတ်ဓာတ်များသည် ဟိုးအောက်ဆုံးထိတိုင် ထိုးကျသွားကာ ဦးနှောက်သည် ဗလာကွက်လပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 08, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

အရူးပညာရှိ Tempat cerita menjadi hidup. Temukan sekarang