Part-28"Once In a Lifetime"

300 28 4
                                    

Part-28“Once In a Lifetime”

Tae .. သူ့ရဲ့သဝန်တိုမှုတွေကလည်း Fany
အပေါ် အရမ်းချစ်လွန်း၍ကြောင့်သာဖြစ်သည်။
Tae , အခုဖြစ်တဲ့ ကိစ္စကို သဝန်တို၍ စိတ်ထဲ
ခုပေမယ့် Fany ငိုကာ ရေချိုးခန်းထဲဝင်သွား
တော့ စိတ်ပူမိသည်။ ရေချိုးခန်း တံခါးကိုဖွင့်
တော့ အထဲက Lock ချထားသည်။
ပြီးတော့ ရေပန်းဖွင့်ထားတဲ့အသံ ကြားကသည်။
Tae သက်ပြင်းချကာ အောက်ထပ်သို့ဆင်းခဲ့
သည်။
ပြီးတော့ စိတ်ညစ်ညစ်နဲ့ Iu တို့ ခြံဘက်ကူးလာ
ခဲ့သည်။
-
-
-
Iuzyတို့ ကလေးတွေနဲ့ ခြံထဲက ရေကူးကန်
လေးထဲ ရေဆော့နေတုန်း .. ခေါင်းငိုက်စိုက်နဲ့
ဝင်လာတဲ့ Tae ကို မြင်တော့ Iu က ရေကူး
ကန်ရဲ့ အုတ်ဘောင်ပေါ်သို့ထိုင်လိုက်ရင်း ...

Iu -- Taengoo ya, တယောက်တည်းလား
Fany မပါဘူးလား ?

Tae က Iu ကို ခေါင်းခါ၍ပြန်‌ဖြေသည်။
ပြီးတော့ ရေကူးကန် အနီးမှာရှိ ခုံလေးမှာ
ဝင်ထိုင်ရင်း ကလေး 3ယောက်ကို ကြည့်
နေသည်။

Suzy က Yoo Jung လေးကို ဘောကွင်း
လေးထဲထည့်၍ အတူဆော့ပေးနေသည်။
Rosé နဲ့ Jennie က ရေကူးရင်း တယောက်
ကို တယောက် စနောက်ခါဆော့နေသည်။

Iu က Tae ထိုင်နေတဲ့ခုံဆီသို့ ထလာမယ်
လုပ်တော့ ..

Tae -- ahh,Iu ya, Gwenchana yo.
ကလေးတွေနဲ့ဆော့ပေးလိုက်ပါ .. ငါဒီအတိုင်း
ပျင်းလို့ထွက်လာတာ ငါ့ကို ဂရုစိုက်မနေနဲ့ ..

Iu -- Aww geurae (ok!) ..

Iu က ရေကူးကန်ထဲဆင်း၍ Rosé နဲ့
Jennie ကို စနေသည်။

ခြံထဲမှာ ကလေးတွေရယ်မောပြီး အော်ဟစ်
သံတို့ဖြင့် ကြည်နူးစရာကောင်းသည် ...
-
-
-
ခဏကြာတော့ Iu ရဲ့ Omma Mrs Song Ri Eun အိမ်ထဲကနေ ထွက်လာပြီး ..

Mrs Ri Eun -- yah, မတော်ကြသေးဘူး
လား? ကလေးတွေ အအေးပတ်နေမယ် ..

Iu -- ah, nae Omma.

Mrs Ri Eun -- ah, Taengoo ရော
ရောက်နေတာလား ? Fany လေးရော ?

Tae -- ah nae Imo .. Fany က
အိမ်မှာ ရေချိုးကျန်ခဲ့တယ် ..

Mrs Ri Eun -- Aww .. မတွေ့တာ
ကြာလို့လေ Imoလည်း သမီးတို့အိမ်ဘက်
နောက်ရက်မှ ကူးလာခဲ့မယ် အလုပ်တွေ
ရှုပ်နေတာနဲ့ပဲ သမီးအမေနဲ့ အဒေါ်စီလည်း
စကား လာမပြောဖြစ်ဘူး ...

♚️Once In A Life Time♛️ Where stories live. Discover now