_20

9.9K 1.3K 60
                                    

Zawgyi

အိပ်မပျော်သည့် နှစ်ညလောက် မျက်ကွင်းဟောက်ပက်နဲ့
ပန်ဒါလိုအညိုအမည်းစွဲနေပြီ....။

Whiskyတစ်ခွက်ကို ကိုင်ထားပြီး ဘယ်နှကြိမ်မှန်းမသိ
မေ့သောက်မိနေတယ်.....။

ခါးသက်သက်ပြင်းရှရှ အရသာက ခြောက်ကပ်နေသည့်
လည်ချောင်းထဲကို ခဏလောက်တော့ စိုသွားစေသည်.....။

ပြူတင်းပေါက် တစ်ခုပဲဖွင့်ထားတော့ အလင်းရောင် ပြပြ
ဟာ အခန်းထဲကို တိုးဝင်လာရင်း ခြေသံခပ်သဲ့သဲ့ကို
ကြားရတယ်.....။

ဘေးနားကို ဝင်ထိုင်လာသည့် သရဖီအနံ့က ခပ်မွှေးမွှေး
ချိုချိုအီအီ.....။

နားထင်ကြောပေါ်ကို ရောက်လာသည့် လက်ချောင်းသွယ်သွယ် တွေ စက်ဝိုင်းတစ်ခုလိုမျိုး ဖိကာ ပွတ်ဆွဲပေးနေသည်.....။

" ပင်ပန်းနေပြီလား... Jung... ငါ့အတွက်နဲ့... "

ခေါင်းကို ခါယမ်းပြီး မျက်နှာပေါ်က အပြုံးကတော့
အားမရှိသလိုမျိုး.....။

Jungဆီက သက်ပြင်းချသံဟာ မဆိုစလောက်လေး.....။

ရင်ခွင်ထဲကို ခေါင်းတိုးဝင်လာသည်....။

အနက်ရောင်ဆံပင်အရှည်တွေထဲကို ပြေးလွှားကာ ဆံပင်
တွေကို လက်ဖြင့် ဖွပေးနေမိသည်..... ။

" Suton... ငါ သူတို့နဲ့ စကားပြောကြည့်မယ်
သူတို့လိုချင်တာ ငါနဲ့ Hyung ကိုလေ.... "

ခါးကို လာဖက်သည့် လက်တွေကတော့ တင်းခနဲ....။

" မပြောရဘူး.... ကိုယ်ဖြေရှင်းနိုင်တယ် အချစ် ဝင်ပါဖို့
မလိုဘူး.... "

" Jung....ငါ မင်းအတွက် အဲ့ဒီလောက် အရေးမပါတာ
လား... ငါ့စကားကို ကန့်ကွက်နေတာလား... "

"အချစ်... မင်းက နားမလည်ဘူးပဲ... ကိုယ် မင်းကို
သူတို့နဲ့ မတွေ့စေချင်ဘူး...Sutonဖက်ကို တစ်ခါ
ရောက်သွားတာနဲ့ ပြန်လွှတ်မှာ မဟုတ်ဘူး....အခုတောင်
မင်းကို ဇွတ်တောင်းနေတာ ကိုယ် ရူးသွားတာကို
မြင်ချင်လို့လား.... အချစ်ရယ်... "

Jung ဟာ အရင်အချိန်တွေကထက်ပိုပြီး သနားစရာ
ကောင်းနေသည်.....။

အသံတုန်ခါမှုတွေက စကားတစ်လုံးထွက်လာတိုင်း
နှစ်ဆမက မြန်ဆန်နေသည်.....။

Crazy Over The Omega(completed)Where stories live. Discover now