စာဖတ်ရတာသိပ်ကြိုက်တဲ့ရှောင်းကျန့်က
လူတကာကြိုက်တဲ့ပုံပြင်ကိုတော့မနှစ်ခြိုက်ဘူး။အပယ်ခံစင်ဒရဲလား ဆိုတဲ့နာမည်ကျော်ပုံပြင်တစ်ပုဒ်ပေါ့။
မိထွေးဖြစ်သူဆီမှာ ဘာလို့သမီးနှစ်ယောက်တဲ့လဲ။တစ်ယောက်၊သုံးယောက်ရှိလို့မရဘူးလား။ဘာလို့နှစ်ယောက်ရှိရတာလဲ။
ဒါမှမဟုတ် စင်ဒရဲလားဆီမှာ
မွေးချင်းမောင်နှမရှိခိုင်းလိုက်လို့ရော မရဘူးလား။ပုံပြင်စဖတ်ကတည်းကရှောင်းကျန့်တွေးမိတာအဲဒါတွေပဲ။လူတွေက စင်ဒရဲလားရဲ့ကြာပန်းဖြူဘဝတစ်စိတ်တစ်ပိုင်းကိုပဲရေးသားထားတာပဲဖတ်ဖူးကြတာများတယ်။ ဟိုးအမှောင်ပိုင်းလေးကို ထိန်ချန်ထားတဲ့ပုံပြင်ဆိုပါတော့။
ရှောင်းကျန့်ကျမှထူးခြားပြီး အစ၊အဆုံးရေးထားတဲ့စာအုပ်ကိုမှဖတ်မိတာ။
အဲဒါကြောင့်ပေါ့။ရှောင်းကျန့်မကြိုက်တာ အဲဒီထဲကအကြောင်းရာတွေကြောင့်။ဖန်ဖိနပ်စီးပြီးကြွယွလှပတဲ့စင်ဒရဲလားက
မိထွေးနဲ့သမီးဖြစ်သူတွေကို အပူပေးထားတဲ့သံဖိနပ်စီးပြီး မသေမခြင်းကခိုင်းတယ်လို့ ပြောလိုက်ကြည့်ပါလား။အငြင်းသီအိုရီနဲ့ပဲအဆုံးသတ်ကြမှာ။ရှောင်းကျန့်ကိုလည်းယုံကြမှာမဟုတ်ဘူး။
စင်ဒရဲလားရဲ့နဂိုဇစ်မြစ်ကိုဖြူစင်အောင်ရေးပြီးမှ နန်းတော်ထဲကနေရောနှင်ထုတ်ခံရတယ်လို့။မသိဘူး....မသိတော့ဘူး။
တကယ်ရှေ့နောက်မညီသလိုခံစားရတဲ့ဇာတ်လမ်းမျိုးတွေ။ရှောင်းကျန့်မကြိုက်မိတာဆန်းသလားနော်။ဒေါက် ! ဒေါက် !
"သခင်လေး......ကောင်စစ်ဝန်ရုံးက
အရာရှိရောက်နေပါတယ် သခင်မကြီးက
သခင်လေးကိုဆင်းပြီးဧည့်သည်လာတွေ့
ပါဦးတဲ့ .....""သိပြီ သွားတော့..."
အစေခံရဲ့ခြေသံကတဖြည်းဖြည်းဝေးသွားတယ်။
ဘာရယ် !
ကောင်စစ်ဝန်ရုံးကအရာရှိ !
နဖူးကြောတင်းပြီး မျက်ကြောတင်းတဲ့
ကပြားကောင်ကိုလေ။အဲဒါတင်မကဘူး။နှာခေါင်းကြောပါ
ထသေးတာ။ရှောင်းကျန့်ကိုတွေ့ရင်ကြည့်တဲ့ပုံစံက ရေနွေးပူနဲ့ပက်ထုတ်ချင်စရာ။