🍑Part_12🍑🔪🔪🔪

7.7K 681 122
                                    

Unicode

ထိုင်းနိုင်ငံရဲ့နေ့ရက်လေးကိုရှောင်ကျန့်အောက်ပိုင်းဆီကကိုက်ခဲမှုနှင့်အတူစတင်လိုက်သည်

'Babyနာနေလား'

Lao wangအမေးကိုတုံ့ပြန်တဲ့မျက်စောင်းတချက်ကအဖြေပင်ဖြစ်ပါလိမ့်မည်

'လာထ'

Yiboရှောင်ကျန့်ရဲ့ကိုယ်လေးကိုပွေ့ချီလိုက်ပီးရေချိုးခန်းဆီကိုဦးတည်လိုက်တယ်

ရေနွေးကိုသေချာစပ်ပီးမှရှောင်ကျန့်ရဲ့ကိုယ်လေးကိုရေကန်ထဲချပေးလိုက်သည်

'မသွားသေးဘူးလား'

အပြင်ပြန်မထွက်သေးဘဲရပ်နေတဲ့Yiboကိုရှောင်ကျန့်မေးလိုက်သည်

'မြန်မြန်ချိုးနော်အအေးပတ်မယ်'

ဟွန့်..အပိုတွေ..စိုးရိမ်ပြနေတယ်..အရူးညီအကို

မျက်လုံးလေးတွေမှေးစင်းရင်း10မိနစ်ကျော်လောက်ရေစိမ်လိုက်သည်

နာကျင်နေတာတွေလဲရေနှင့်အတူမျောပါသွားပီထင်ပါရဲ့....

ရှောင်ကျန့်Bathrobeကိုယူ၀တ်လိုက်ပီးပြန်ထွက်လာလိုက်သည်

အိပ်ရာပေါ်မှာသူ၀တ်ဖို့အ၀တ်တွေကအဆင်သင့်

ရှောင်ကျန့်အင်္ကျီတွေကိုကောက်၀တ်လိုက်ပီး

အပြင်ကိုထွက်လာလိုက်သည်

ဧည့်ခန်းထဲမှာနှစ်ယောက်သားကကုမ္ပဏီစာရင်းတွေစစ်နေကြတယ်

'babyခေါင်းတွေမခြောက်သေးဘူး'

'အအေးပတ်မယ်လေကွာ'

ရှောင်ကျန့်ကိုကြည့်ပီးစာရွက်တွေအောက်ချလို့သူ့နားကပ်လာကြပြန်ပါပီ

'မြင်နေရင်လဲသုတ်ပေးလိုက်လေ'

ရှောင်ကျန့်ကမျက်စောင်းထိုးကာပြောမိတော့

Yiboနဲ့Lao wangမှာတံဘက်တွေအပြေးအလွှား​သွားယူကြပီလေ

စက္ကန့်မခြားချက်ချင်းပြန်ရောက်လာကြတယ်

လက်ထဲမှာလဲတံဘက်ကိုယ်စီနဲ့

ရှောင်ကျန့်ရဲ့ဘေးတဖက်ဆီမှာနေပီးခေါင်းကိုဖွဖွလေးမနာအောင်သုတ်ပေးကြတယ်

🍑✌️THE TWO ARE MINE✌️🍑[COMPLETED]Where stories live. Discover now