Existence (Zawgyi)

4 0 0
                                    

"ကို လက်ထပ်တော့မယ်"

ဆိုင်းမဆင့်ဗုံမဆင့် ပြောလာတဲ့ သူမရဲ့ စကားကြောင့် ကျွန်မ ဆွံ့အကြောင်ငေးနေမိတာ အချိန်အတန်ကြာ၊၊ ကျွန်မ အံ့သြမင်သက်နေချိန်မှာ သူမက စကားဆက်တယ်၊၊

"အိမ်က မိဘတွေက စီစဉ်တာပါ၊၊ သူတို့ မသေခင် ကို့ အတွက် စိတ်အေးချင်လို့၊၊ နောက် သူတို့ မြေးချီချင်ပြီ" တဲ့။

ပြောသွားသမျှထဲမှာ သူမ ဆန္ဒဆိုတာ တစ်စွန်းတစ်စ မလှစ်ဟဘဲ 'မိဘ' ဆိုတဲ့ စကားလုံးနဲ့တင် ကျွန်မကို အပြည့်အဝချုပ်ကိုင်သွားတယ်၊၊ ကျွန်မက မိဘမဲ့ဆိုတော့ မိဘနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက်က ကြီးမားခဲ့သလို မိဘရှိတဲ့သူ မှန်သမျှကိုလည်း အားကျတဲ့မျက်ဝန်းနဲ့ တစ်ခါတလေ သတိလက်လွတ်ငေးမောတတ်တာ သူမ သိနေတယ်လေ၊၊ မိဘရှိတဲ့သူတိုင်းကို မိဘကို တန်ဖိုးထားဖို့၊မိဘစကားနားထောင်ဖို့ ပြောဆိုနှစ်သိမ့်တတ်တာ၊ နားချတတ်တာက ခုတော့ ကျွန်မအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီ၊၊ မိဘစကားနားထောင်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၀နှစ်တာသံယောဇဉ် ကို ဖြတ်တောက်ပစ်ဖို့ သူမအတွက် သိပ်လွယ်ခဲ့တာပါပဲ၊၊ နာကျင်နေပေမယ့် ခပ်မှိန်မှိန်အပြုံးတစ်စကို ဖန်တီးရင်း စကားစဖို့ ကြိုးစားမိတယ်၊၊ ငူငူငိုင်ငိုင်ကြီးလုပ်နေမိတာ မိနစ်ပိုင်းလောက်ရှိပြီမို့လေ၊၊

*ဒါဆို ကို့ရဲ့ ဆန္ဒကို ပြောပြပါလား*
ဆိုတဲ့စကားကို စကားလုံးထိ မဖြစ်တည်ခင် ပြန်မျိုချမိတယ်၊၊ သူမကို ချောင်ပိတ်စေတဲ့ စကားလုံးတွေ မပြောရက်အောင်ထိ ကျွန်မ သူမအပေါ် တွယ်ငြိနေခဲ့ပါလား ဆိုတဲ့အသိက ကျိန်စာတစ်ခုလိုပဲ၊၊စီးကျလုခင် မျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြန်ရုပ်သိမ်းရတယ်၊၊ သူမက ကျွန်မကို အလွန်သတ္တိရှိတယ် လို့ မြင်ထားတာလေ၊၊ကျွန်မ တကယ်တမ်း သတ္တိမရှိပေမယ့် သူမအမြင်ကို အဆုံးထိ မှန်စေချင်မိတယ်၊၊

"ကောင်းပါပြီ၊၊ ဒါဆို ကို ပျော်ရွှင်ပါစေ လို့  မှုန် ဆုတောင်းပေးပါတယ်"

စကားအဆုံးမှာ ကျွန်မ သူမရှေ့က မပြေးရုံတမယ် ထွက်လာမိတယ်၊၊ မျက်နှာပေါ်မှာ မျက်ရည်စတွေက ထိန်းမနိုင်သိမ်းမရ အဆက်မပြတ် စီးကျနေပြီမို့ပါ၊၊
             😭😭😭😭😭😭😭

ExistenceWhere stories live. Discover now