Part 5

11.6K 1.3K 49
                                    

ZawGyi

ရိပေါ်ရဲ့ဘေးနားမှာ ဘာမှအသုံးမဝင်တဲ့ သူတစ်ယောက်ဖြစ်နေတယ်လို့ ကိုယ်ကိုယ့်ကိုခံစားမိတဲ့ ရှောင်းကျန့်က ဝမ်ပါးရဲကမ်းလှမ်းချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်တော့တယ်။

"ဟိုလေ ဖြစ်ပါ့မလား ပါး"

"ဘာလို့မဖြစ်ရမှာလဲ?"

"ကျွန်တော့်လိုပုံကို ဘယ်သူကသဘောကျမှာတဲ့လဲ? ရိပေါ်လိုလူတစ်ကာအားကျရတဲ့ Idol ပုံစံဆိုရင်တော့တစ်မျိုးပေါ့"

"ကျန့်​ကျန့်​လေးက တကယ်ကြည့်လို့ကောင်းပါတယ်။ ဘာဖြစ်လို့ကိုယ်ကိုယ်ကို အဲဒီလိုထင်နေရတာလဲ?"

"ပါးတို့ကတော့ ဒီအတိုင်းကျွန်​တော် စိတ်ချမ်းသာအောင်ပြော​နေတာမှန်းသိပါတယ်"

ခေါင်းလေးငုံ့လို့ပြောနေသည့် သူ့သား၏​ကောင်လေးက သိမ်ငယ်နေသည့်ပုံ..

"မဟုတ်ပါဘူးကွာ မင်းကတကယ့်ကို အဖိုးတန်လေးပါ။ အဲဒါကြောင့်လည်း ရိပေါ်က..."

"ရိပေါ်ကဘာဖြစ်လဲပါး?"

အလုပ်စားပွဲမှာထိုင်နေရာကထလို့ ဝမ်မင်ရန်တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်နေသည့် ​ကောင်လေး၏ဘေးတွင်သွားရပ်လိုက်ပြီး ခေါင်းလုံးလုံးလေးကိုဆွဲဖွလို့ ပြောလိုက်တော့မျက်ဝန်း​တောက်​တောက်​လေး​တွေနဲ့သူကို​မော့ကြည့်ပြီး​မေးလာတယ်။

သူတကယ်ဒီကောင်လေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ​စေချင်တာ။ အဖိုးတန်တဲ့ရတနာတွေကို ကြည့်တတ်တဲ့အမြင်ရှိတဲ့သူက နွံနစ်နေတဲ့ပတ္တမြားကိုဆွဲထုတ်ချင်ယုံပဲ။ တစ်ခုပဲ ဒီအဖိုးတန်တဲ့ပတ္တမြားကိုအရင်မြင်ခဲ့သူကတော့ သူမဟုတ်ခဲ့ဘူး။

"ထားလိုက်ပါ။ ဘာမှမဟုတ်​တော့ဘူး"

ပြောနေရင်း ရိပေါ်အကြောင်းရောက်မှရပ်သွားတဲ့ဝမ်ပါး​ကြောင့် ရှောင်းကျန့်သိချင်မိသွားရတယ်။ ဒါပေမယ့် ဘာမှဆက်ပြောမလာတဲ့အခါသူလည်း အတင်းမမေးမိတော့ဘူး။ ဒီအတိုင်းအရေးမကြီးလို့ပဲနေမှာပါလေ။

"အဲဒီတော့ ကျန့်ကျန့်ဘက်က သဘောတူလိုက်ပြီလို့ ပါးသတ်မှတ်လိုက်ရမလား?"

My Jewel Where stories live. Discover now