Chapter 150: မြေအောက်မင်းသားရဲ့ မင်းသမီးဖြစ်လာတဲ့ ဟက်စကီးလေး ၆

592 51 2
                                    

စာကြည့်ခန်းထဲတွင်တော့ ဖူချန်းယွမ်ဟာ ထိုင်နေလျှက်ပင် သူ၏ လုပ်ငန်းဆောင်တာများကို လုပ်နေခဲ့သည်။

ဖူချန်းယွမ်ဟာ အသက် ၄၀ကျော်ရှိအရွယ်ရှိပြီးတော့ သူကစကားကောင်းကောင်း အပြုံးလေးတွေနဲ့ ကန့်သတ်ထားသည့်လူစားမျိုး မဟုတ်ဘဲ အလွန်တစ်ရာမှ လေးနက်သည့် မျက်နှာထားမျိုးနှင့် ဖြစ်သည်။

နောက်ဆုံးတော့လည်း သူဟာ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပင်။ သူ့ကိုယ်ထက်မှ အော်ရာများဟာ ပြင်းထန်စွာထုတ်လွှတ်နေပြီး အလွန်ကိုမှ အင်အားကြီးမားသည့် လူတစ်ယောက်ဆိုတာ သိသာပေသည်။ လူတွေအတွက် အစပိုင်းမှာ သူ့ချောမောလှပမှုတွေကြောင့် သူ့မူရင်း စိတ်နေသဘောထားအားမသိရှိနိုင်ပဲ လှည့်စားခံရတတ်ပေသည်။

ချီယွိ တံခါးကို တွန်းဖွင့်၀င်လိုက်ပြီးနောက်တွင် အသာပြန်စေ့ပိတ်လိုက်သည်။ မူရင်းကိုယ်၏ အပြုအမူနဲ့ အသံနေ အသံထားကို အတုခိုးလိုက်ပြီး ဖူချန်းယွမ်အား စကားစပြောလိုက်သည်။

"အဖေ... ကျွန်တော့်ကို ရှာနေတာလား?"

"အင်း.. ထိုင်ဦး" ဖူချန်းယွမ်က ထူးမခြားလှတဲ့ လေသံဖြင့် ပြန်ပြောလိုက်သည်။

သူ၏ ခေါင်းကို မော့လိုက်ကာ ချီယွိအား ကြည့်လိုက်သည့် အခါတွင်တော့ သူ့သားလက်ထဲဲက ဟက်စကီးပေါက်လေးကို ချက်ချင်း မြင်လိုက်လေသည်။ သူ့ မျက်ခုံးနှစ်ဖက်ဟာ စုစည်းလာပြီးတော့ မျက်လုံးတွေဟာ နဥ်မုန့်ပေါ်ကို ကျရောက်လာလေသည်။

"ဒီဟာက ဘယ်က ရောက်လာတာလဲ? "

"လမ်းမပေါ်က ကောက်လာတာ" ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး နဥ်မုန့်ကိုလည်း ဆိုဖာပေါ်၌ ဒီတိုင်းပင် ချပေးလိုက်သည်။ သူ၏ အပြုအမူကို ကြည့်ရသည်မှာ ဒီအကောင်သေးသေးလေးကို ဂရုပင်မထားသလို ထင်ရလေသည်။

ဖူချန်းယွမ်​၏ မျက်မှောင်ကျုံ့မှုနှင့်အတူပင် ချီယွိကို အကြံပေးလိုက်လေသည်။

"မင်း ဒါကို စိတ်ဝင်စားတယ်ဆိုလို့ရှိရင် ငါတစ်ယောက်ယောက်ကို စစ်တပ်ထဲက အကောင်ကြီးကြီး ခွေးတစ်ကောင်ကို ခေါ်လာခိုင်းလိုက်မယ်"

You've reached the end of published parts.

⏰ Last updated: Dec 04, 2021 ⏰

Add this story to your Library to get notified about new parts!

[Unicode] နတ်ဘုရားအဆင့် Host ၏ အချစ်တော် System (Arc 4)Where stories live. Discover now