Cloud

53 7 0
                                    

" ဟေး... ဂိုး ဂိုး ... ရေး... ငါတို့နိုင်ပြီကွ "

" ဟေ့ကောင်... ဖိုးချို မညစ်နဲ့ကွာ "

" ငါဘယ်မှာညစ်လို့လဲ "

" မင်းဘောလုံးက လူကျွံဘောကြီးကွ "

" ဘာမှမဟုတ်ဘူး ငါတို့နိုင်တယ်ကွ "

ဖိုးချိုက နန္ဒအပြောကိုဂရုမစိုက်တစ်ကွင်းလုံးကိုအော်ကာပတ်ပြေးနေသည်။

" အလကားကောင် နောက်မင်းနဲ့မ‌ဆော့ဘူး "

ဆီတွေရွဲအိနေသည့်ဆံပင်တိုတိုတွေကိုခါယမ်းသွားတဲ့အထိအော်ဟစ်ကာနှာရိုးပေါ်ကပါဝါမျက်မှန်ထူထူကြီးကိုပင့်တင်လိုက်သည်။

ဖိုးချိုကဘောလုံးကန်လျှင်အတော်ညစ်ပတ်သည့်ကောင်ဖြစ်သည်။သူလည်းဆော့စရာလူမရှိလို့သာသည်းခံဆော့ရတယ် သည်ကောင်ကအကျင့်ကောင်းတာမဟုတ်ဘူး။ လူမရှိဆို ဂေဟာမှာသူတို့နှစ်ယောက်ကအသက်အကြီးဆုံးလေ။ကျန်တာကဘုမသိဘာမသိ ပိစိပေါက်စကလေးတွေချည်းပဲ။

ဘုရားရှိခိုးကျောင်းတည့်တည့်သစ်ပင်ကြီးကအရိပ်ကောင်းစွာရသည်။ပင်စည်လုံးပတ်တွေများဆိုကလေးငါးယောက်လောက်ဝိုင်းဖက်လို့ရတယ်။နေပူပူကတိမ်ကင်းသည့်ကောင်းကင်ယံထက်တောက်ပစွာမင်းမူနေသည်။အပင်ကြီးအောက်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ခြေသလုံးအပေါ်တိုတဲ့ဘောင်းဘီကလေးကထိုင်ချလိုက်တော့ပေါင်ရင်းအထိလိပ်တက်လာသည်။

*ဒေါင် ဒေါင် ဒေါင်....

ဘုရားရှိခိုးကျောင်းကနာရီသံဆယ့်နှစ်ချက်မြည်သွားသည်။နေ့လယ်ဆယ့်နှစ်နာရီထိုးပြီ...

ဖာသာကကျမ်းစာအုပ်ကိုင်ပြီးဘုရားကျောင်းထဲကထွက်လာသည်။ဖာသာရဲ့ဘေးမှာသီလရှင်နှစ်ယောက်လည်းကပ်ပါလာသည်။သီလရှင်တွေက ဒါအင်း ရွာကဖြစ်မည်။သူတို့ရဲ့အနက်ရောင်ဂါဝန်‌ရှည်တွေကိုကြည့်ပြီးအတော်လေးပူမိသည်။အနက်ရောင်ကခရမ်းလွန်ရောင်ခြည်စုပ်တယ်မဟုတ်လား။

" နန္ဒ... "

ဖာသာကရေတမာပင်အောက်က ကျွန်တော့်ကိုလှမ်းခေါ်တာဗျ။ပေါင်ရင်းထိလိပ်တက်နေတဲ့ဘောင်းဘီအနားတွေကိုဆွဲချပြီးပြေးသွားလိုက်သည်။

Midnight thoughtWhere stories live. Discover now