1

468 44 3
                                    

လောကမှာလူတူမရှားနာမည်တူမရှားတဲ့ !
လက်ရှိအခြေနေကိုတော့ ရှောင်းကျန့်သိပ်စိတ်ပျက်နေပြီ။

ရုပ်ရှင်တွေထဲကလို အချိန်ခရီးသွားခြင်းလည်းမဟုတ်၊ခန္ဓာကူးပြောင်းတာမျိုးလည်းမဟုတ်ဘဲ ဘဝအသစ်တစ်ခုကို
စတင်ကြုံတွေ့နေရတယ်။

မိန်းမမယူချင်လို့အိမ်ကထွက်ပြေးခဲ့တဲ့ရှောင်းကျန့်က အခုမင်္ဂလာခုတင်တစ်ခုပေါ်ရောက်နေလေရဲ့။

ခေါင်းပေါ်မှာလည်းအနီရောင်ပုဝါစအုပ်လျက်သားနဲ့။ဘာလဲ ။ဒါကရှောင်းကျန့်ကို
‌သောက်ခွက်ပြောင်တာလား။

အရင်ဘဝဆိုရမလား ။မဟုတ်သေးပါဘူး။ဒီလိုမဖြစ်ခင်ရှေ့နှစ်တွေ ။တစ်နည်းအားဖြင့်လူငယ်အရွယ်ပဲဆိုကြပါစို့။

ရှောင်းကျန့်ဆိုတာမူကြိုစတက်ကတည်းက ဘေးမှာကောင်မလေးတွေဝိုင်းဝိုင်းလည်လို့။

မူလတန်းအရွယ်မှာပင် အကြီးတန်းကမမတွေစာလာပေးလို့တစ်နည်း၊မုန့်လာပေးလို့တစ်ဖုံနဲ့ ပိုးပန်းခံရသူ။

အလယ်တန်းအရွယ်မှာ ရှောင်းကျန့်ကောင်မလေးဖြစ်ခွင့်ရဖို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသူတွေစာရင်းပြုစုရင် တစ်ကျောင်းလုံးနီးပါးပဲ။

အဲလိုကိုရူပါအလန်းနဲ့ဆော်တကာငမ်းတဲ့
ကျောင်းတော်ရဲ့မင်းသားလေး။

အထက်တန်းလည်းရောက်ရော ရှောင်းကျန့်ရဲ့စန်းပွင့်နှုန်းက တရှိန်ထိုးပိုမြင့်တက်သွားတယ်။

မမနဲ့ညီမလေးတွေအပြင်
ကိုကြီးနဲ့ညီလေးတွေပါ ရှောင်းကျန့်သိပ်ချောမှန်းရိပ်မိသွားကြပုံပါပဲ။

အနက်ရောင်မှဲ့လေးနဲ့ ရှောင်းကျန့်အပြုံးအောက် ပြားပြားဝပ် ဝပ်တွားခယသူတွေ
ရေတွက်လို့တောင်မနိုင်ခဲ့ဘူး။

အခုထိပဲဆိုပါတော့။

ဒါပေမဲ့ ခုတော့ထိုအလှတွေကလည်း
ရှောင်းကျန့်ဒုက္ခကိုမကယ်နိုင်တော့ဘူး။
ဒါမှမဟုတ် ဒီအလှတွေကြောင့်ပဲဒီဒုက္ခကြုံသလား မဝေခွဲတတ်တော့ဘူး။

မိဘစကားနားမထောင်လို့  မိုးနတ်မင်းကအပြစ်ဒဏ်ခတ်တယ်ဆိုလည်း ဒီထက်တော့ညှာတာသင့်ပါတယ်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2021 ⏰

Add this story to your Library to get notified about new parts!

Truth Or DareWhere stories live. Discover now