လောကမှာလူတူမရှားနာမည်တူမရှားတဲ့ !
လက်ရှိအခြေနေကိုတော့ ရှောင်းကျန့်သိပ်စိတ်ပျက်နေပြီ။ရုပ်ရှင်တွေထဲကလို အချိန်ခရီးသွားခြင်းလည်းမဟုတ်၊ခန္ဓာကူးပြောင်းတာမျိုးလည်းမဟုတ်ဘဲ ဘဝအသစ်တစ်ခုကို
စတင်ကြုံတွေ့နေရတယ်။မိန်းမမယူချင်လို့အိမ်ကထွက်ပြေးခဲ့တဲ့ရှောင်းကျန့်က အခုမင်္ဂလာခုတင်တစ်ခုပေါ်ရောက်နေလေရဲ့။
ခေါင်းပေါ်မှာလည်းအနီရောင်ပုဝါစအုပ်လျက်သားနဲ့။ဘာလဲ ။ဒါကရှောင်းကျန့်ကို
သောက်ခွက်ပြောင်တာလား။အရင်ဘဝဆိုရမလား ။မဟုတ်သေးပါဘူး။ဒီလိုမဖြစ်ခင်ရှေ့နှစ်တွေ ။တစ်နည်းအားဖြင့်လူငယ်အရွယ်ပဲဆိုကြပါစို့။
ရှောင်းကျန့်ဆိုတာမူကြိုစတက်ကတည်းက ဘေးမှာကောင်မလေးတွေဝိုင်းဝိုင်းလည်လို့။
မူလတန်းအရွယ်မှာပင် အကြီးတန်းကမမတွေစာလာပေးလို့တစ်နည်း၊မုန့်လာပေးလို့တစ်ဖုံနဲ့ ပိုးပန်းခံရသူ။
အလယ်တန်းအရွယ်မှာ ရှောင်းကျန့်ကောင်မလေးဖြစ်ခွင့်ရဖို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြသူတွေစာရင်းပြုစုရင် တစ်ကျောင်းလုံးနီးပါးပဲ။
အဲလိုကိုရူပါအလန်းနဲ့ဆော်တကာငမ်းတဲ့
ကျောင်းတော်ရဲ့မင်းသားလေး။အထက်တန်းလည်းရောက်ရော ရှောင်းကျန့်ရဲ့စန်းပွင့်နှုန်းက တရှိန်ထိုးပိုမြင့်တက်သွားတယ်။
မမနဲ့ညီမလေးတွေအပြင်
ကိုကြီးနဲ့ညီလေးတွေပါ ရှောင်းကျန့်သိပ်ချောမှန်းရိပ်မိသွားကြပုံပါပဲ။အနက်ရောင်မှဲ့လေးနဲ့ ရှောင်းကျန့်အပြုံးအောက် ပြားပြားဝပ် ဝပ်တွားခယသူတွေ
ရေတွက်လို့တောင်မနိုင်ခဲ့ဘူး။အခုထိပဲဆိုပါတော့။
ဒါပေမဲ့ ခုတော့ထိုအလှတွေကလည်း
ရှောင်းကျန့်ဒုက္ခကိုမကယ်နိုင်တော့ဘူး။
ဒါမှမဟုတ် ဒီအလှတွေကြောင့်ပဲဒီဒုက္ခကြုံသလား မဝေခွဲတတ်တော့ဘူး။မိဘစကားနားမထောင်လို့ မိုးနတ်မင်းကအပြစ်ဒဏ်ခတ်တယ်ဆိုလည်း ဒီထက်တော့ညှာတာသင့်ပါတယ်။