...၀ေးပါတယ်ဆိုမှ ပိုလို့၀ေးနေသည်...
ဒီအဖြစ်ဆိုးကြီးကနှစ်ယာက်လုံးအပေါ် ရင်ကွဲပက်လက်ဖြစ်စေသည်..ဘယ်သူဘယ်၀ါလို့ပြောပိုင်ခွင့်မရှိတော့သလို ဘယ်သူမှားတယ် ဘယ်သူမှန်တဲ့လို့လဲ ခေါင်းစဥ်တပ်ခွင့်မရှိဘူး ဒါဟာမှန်ကန်ဆုံးနည်းလမ်းပဲ..။၀ုန်းးးခွပ်...ခွပ်...ခွပ်...
အာ့..အာ့..
"ဟားးးဟားးးးလူသတ်သမားရဲ့မောင် ငါတို့အခန်းမှာအလိုမရှိဘူး!!"
"ဟုတ်တယ်ထွက်သွား!!ဒီကောင်နားမှာမထိုင်ချင်ဘူးးသူ့အမလိုလူသတ်တဲ့အနံ့တွေရနေတယ်!"
အခန်းထဲဝင်လာတဲ့ကောင်ငယ်လေးသည်သိပ်ကိုသနားဖို့ကောင်းနေသည် မျက်နှာလေးကဖြူဖျော့နေပြီး အားအင်တွေလဲမရှိတော့ပါ အခန်းထဲကကျောင်းသားကျောင်းသူတွေကစက္ကူနဲ့ပစ်ပေါက်လိုက် ကြက်ဥနဲ့ပစ်ပေါက်လိုက် အမှိုက်ပုံးတွေနဲ့ကောင်ငယ်လေးရဲ့စာရေးစားပွဲပေါ်ကိုသွန်ချနေသည်.။
"ခုထွက်သွား!!နင်လိုလူသက်သမားရဲ့မောင်ကို ငါတို့ကျောင်းမှာအလိုမရှိဘူးးး¡!"
ကောင်ငယ်လေးသည်ဘာမှမပြောပဲတိတ်ဆိတ်နေသည် ပြန်ပြောဖို့လဲအားအင်မရှိပါ အကုန်လုံး၀ိုင်းပြောနေတုန်းအခန်းထဲဝင်လာတဲ့အတန်းပိုင်ဆရာ..။
"ကဲကဲတိတ်ကြစမ်း!!"
"ဆရာ !!သူနဲ့အခန်းထဲမှာအသူမနေချင်ဘူး
သူ့လိုအစုပ်အပဲ့ လူသက်သမားမောင်နဲ့အတူမတက်နိုင်ဘူးကျောင်းကို!!"နဂိုထဲကပိုက်ဆံရှိသားသမီးတွေကအရမ်းနှိမ်တဲ့ကောင်ငယ်လေးဟာ ခုတော့ပိုပြီးအနှိမ်ခံပေါ့ အဆင်ပြေမနေတော့ပါ ဒေါသပင်အရမ်းထွက်လာသည်!။
"ဘာကြောင့်လဲ!ဘာကြောင့်လဲ!လူသက်သမားရဲ့မောင်ဖြစ်တော့ရောကျောင်းမလာရတော့ဘူးလား!!ဟမ်.ဟမ်.ဖြေလေ!ဖြေကြပါအုံးးး!"
ကောင်ငယ်လေးသည်မျက်ရည်တွေစီးကြကာ မေးလာသည်မေးခွန်းသည် ရင်နင့်စရာ.။
"အားးးဆရာJin! Park Jiminကကြောက်စရာကြီး သူ့အမလိုပဲလူသက်တော့မဲ့ပုံပဲ!"
ဆရာ Jinလဲအများနဲ့တစ်ယာက်ဘက်မှာလိုက်ပေးချင်သောလဲ လိုက်၍မရပါ ပိုက်ဆံရှိသားသမီးတွေရဲ့သြဇာကသိပ်ကြောက်ဖို့ကောင်းသည် သူလဲဒီစာသင်တဲ့အလုပ်လေးနဲ့ရောင်ရဲတင်းတိန်အောင်နေနေရတာမို့ ဘာမှမပြောပဲအသံတွေတိက်ဖို့သာအော်လိုက်သည်..။