P-10

450 50 7
                                    

(ပြောစရာရှိလို့ပါ Kyung Soo ရဲ့ Exနေရာမှာ ထည့်ထားတဲ့ Jung Jaehyun ဆိုတဲ့ကောင်လေးက NCT အဖွဲ့ထဲက ကောင်လေးမဟုတ်ပါဘူးနော် ကိုယ့်ဟာကိုယ်စိတ်ကူးထားတဲ့အမည်လေးပါ ဒါပေမဲ့ မျိုးရိုးနာမည်အထိ တူသွားမယ်မထင်ထားပါဘူး ဒီတိုင်း Jung Jaehyun ကို NCT ကောင်လေးအဖြစ်မဟုတ်ဘဲ Kyung Soo လေးရဲ့ Ex အဖြစ်ပဲ့ ဖတ်ပြီး မြင်ပေးပါနော် အထင်လွှဲမှာစိုးလို့ပါ)

.

.

.

"ဟင် မင်းကချုပ်ချယ်တာကိုမုန်းတာမလား ဘာလို့ လက်ခံလိုက်တာလဲ စောလွန်းတယ်လေ"

ဟုတ်ပါသည်။ Baekhyun ပြောသလို ချုပ်ချယ်တာကိုသူတော်တော်မုန်းပါသည်။ လွတ်လွတ်လပ်လပ်ပဲ့နေချင်သည်။ အခု သူလက်ခံလိုက်သည်က အိမ်မှာနေရတာက မောကျပ်လွန်းတာကြောင့်ဖြစ်သည်။ မောကျပ်ရအောင်ကလည်းသိပ်မချုပ်ချယ်ပေမဲ့ သူကိုယ်တိုင်က အိမ်ကနေတစ်ခါလောက်ခွဲနေချင်မိတာလည်းပါသည်လေ။ပြီးတော့လည်း ဟိုလူကြီးနဲ့နေရင် ပျော်ဖို့ကောင်းမယ်ထင်လို့လဲပါသည်။

"အိမ်ထောင်ကျတိုင်းချုပ်ချယ်ခံရမှာမဟုတ်ဘူးကွ ငါကအခုမှကျောင်းသားအရွယ်ပဲ့ရှိသေးတာ သူလာချုပ်ချယ်ရင်လည်း ငါ့appa နဲ့ပြောမှာပေါ့ကွာ ဒါပေမဲ့ ငါအဲလူကြီးကိုကြည့်တာ အဲလောက်ချုပ်ချယ်မဲ့ပုံမဟုတ်ပါဘူး"

JM"မင်းကသိလှချေလား ဘာလည်း မင်းကလိုက်စုံစမ်းထားတာလား"

"ငါကဘယ်ကအင်အားနဲ့စုံစမ်းရမှာတုန်း"

ဟုတ်တယ်လေ။ သူကဘယ်ကလူတွေကိုရှာပြီးစုံစမ်းခိုင်းရမှာလဲတဲ့ ။ပြီးတော့ သူဟိုလူကြီးအကြောင်းကိုမသိပါဘူး။ သို့ပေမဲ့စိတ်ထဲက အလိုလိုသိနေသလိုမျိုးပင်။

Baek" မှန်မှန်ပြောစမ်း မင်းChanyeol hyunကို...သ..ဘော..ကျ..နေ..တယ်..မ..လား..."

တစ်လုံးချင်းမေးလာသောကြောင့် သူ့မှာဘာဖြေရမှန်းမသိ။ ချစ်တာလား..သူမသိတော့ဘူး ဟိုတစ်ခါက လမ်းခွဲပြီးကတည်းက ချစ်ရတာပင်ပန်းသလိုပင်။ ကိုယ့်ဘက်ကပဲ့ချစ်နေပြီး သူတို့ဘက်ကရှုပ်နေရင် ပင်ပန်းလွန်းသည်။ ပေးဆပ်ချစ်နေရတာကိုလည်းမုန်းလှပြီလေ။

My Life✴✴✴(Completed)Where stories live. Discover now