အပိုင်း{၁}
"တီ တီ
တီတီ"နာရီနိှုးစက်သံကြားလိုက်သည်နှင့်လက်တစ်ဖက်က
နိှုးစက်ကိုဆွဲပိတ်လိုက်ပြီးသူသည်လည်းအိပ်ယာ
ထဖို ့ပြင်လိုက်သည်။ပြီးနောက်သူ၏ကိုယ်ရေးကိုယ်
တာအလုပ်များကိုသူကိုယ်တိုင်ပြုလုပ်သည်။
အဝတ်လျော်တာကစဖိနပ်တိုက်တာကအဆုံးပေါ့။
အများအမြင်မှာသူကဖန်ရောင်တဖိတ်ဖိတ်
တောက်နေတဲ့အိမ်ကြီးရှင်။
ကမ္ဗလာရောင်ကတ္တီပါကော်ဇောပေါ်က
ရွှေမင်းသားလေး။သန့်ရှင်းကျော့မော့နေတတ်ပြီး။
ကြည်လင်ဝင်းစိုနေသောအသားရည်။ရုပ်ရည်ရှုပကာကအစ
မိန်းကလေးတောင်ရှုံးလောက်ပြီး
ပညာအရာမှာလဲသိပ်တော်သည့်ကလေးအထူးကု
ဆရာဝန်။သူ ့လောက်ပြည့်စုံသူဤကမ္ဘာမှာ
ရှိမယ်မထင်ဘူးတဲ့။ထိုစကားတွေကိုသူကြားမိသည့်
အခါတိုင်း ဟက်ဟက်ပတ်ပတ်ရယ်လိုက်ချင်မိ၏။
သူ့ဘဝကိုသူ့လောက်ဘယ်သူကနားလည်နိုင်မှာ
လဲ။ကိုယ်လုံးပေါ်မှန်ထဲကသဘာဝအတိုင်း
ကြည်လင်တောက်ပနေသောသူ ့ပုံရိပ်ကို
သူငေးကြည့်ရင်းနူတ်ခမ်းတစ်စုံက
တစ်ချက်မဲ့ချလိုက်သည်။"ဒါတွေကမှန်ထဲမှာငါမြင်နေရသလိုပုံရိပ်ယောင်
တွေပဲ"ဟုတ်သည်။သူဌေးကြီးဉီးဘုန်းကြွယ်နှင့်
သူ၏မေမေလက်ထပ်ခဲ့၍သာသူဆိုသည်က
သူဌေးသားဆိုသည်အမည်ခံဖြင့်မကြောင့်မကျ
နေခဲ့ရသည်။မဟုတ်လျှင်အကြွေးနစ်၍
အများ၏အနှိမ်ခံဘဝဖြင့်သူဆက်လက်၍
ရှင်သန်ရမှာမလွဲ။တကယ်တော့
သဘောထားြပည့်ဝလွန်းသော
မေမေ့ကိုတန်ဖိုးထားချစ်ခင်ပေးသော
သူဌေးကြီးကသူ့ဘဝအတွက်ကျေးဇူးရှင်တစ်ဉီး
ထိုထက်သူမပိုရဲခဲ့။ကပ်ပါးကောင်ပါကွာ။ဆင်ဖြူတော်မီပြီးကြံစုတ်နေတာဆိုသောစကား
တွေအကြည့်တွေကိုသူမုန်းလွန်းသည်လေ။သူကလဲမိုးမြင့်ပေါ်ရောက်သွား၍
ဘဝမေ့တတ်သည့်အစားမဟုတ်။နိမ့်ကျခဲ့သော
ဘဝကိုအောင့်မေ့လျက်သူ ့ကိုယ်သူအမြဲနိမ့်ချ
စွာနေထိုင်သည်။ထို ့ကြောင့်သူဌေးသားလေး
'ရင်ခွင်ညံ'ဆိုတဲ့သူကအခြားလူတွေသူ ့အတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။
သူ ့အတွက်သူကိုယ်တိုင်တာဝန်ယူခဲ့
သည်။အများအမြင်မှာတော့
သူကဇီဇာကြောင်သည်တဲ့။တစ်ချို့ကလဲရောင့်ရဲ့တင်းတိမ်လွန်းသည်တဲ့
ထင်ချင်ရာထင်ကြပါစေ။သူကတော့
သူကိုယ်သူနားလည်သည်မို ့။
YOU ARE READING
🙄အကိုက ကျွန်တော့်ကိုမချစ်ဘူးတဲ့🤭🙄
Paranormal{BL+Romatic+normal} "အကိုက ကျွန်တော့်ကိုမချစ်ဘူးသာပြောတာ ကျွန်တော့်အတွက်အမြဲစဥ္းစားပေးတယ် ကျွန်တော်ဆိုးတာလဲသည်းခံပေးတယ် ကျွန်တော့်အတွက်ဆွယ်တာလဲထိုးပေးသေးတယ် ကျွန်တော့်ကိုလဲ ခိုးခိုးနမ်းသေးတယ် ပြီးတော့....စိတ်ဆိုးမာန်ဆိုးနဲ့ မင်းကိုငါ မချစ်ခဲ့ပါဘူးတဲ...