ရှောင်ကျန့်တစ်ယောက် မျက်လုံးဖွင့်လိုက်တော့
အဖြူရောင် ဟင်းလင်းပြင်ကြီး"ဟင် ငါဘယ်ရောက်လာတာလဲ?ပြီးတော့ ငါကရော ဘယ်သူလဲ"
'မင်္ဂလာပါhost yellow systemကနေကြိုဆိုပါတယ်'
"ဟမ် ဘယ်သူငါ့ကိုစကားပြောနေတာလဲ ?"
'host ကျွန်တော် ဒီမှာပါ hostအောက်ကိုငုံ့ကြည့်လိုက်ပါ'
ရှောင်ကျန့်ငုံ့ကြည့်လိုက်တော့ ကြွက်ဖြူလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။
"မင်းလေးလား ငါ့ကိုစကားပြောနေတာ"
'ဟုတ်ပါတယ် host'
"ဒါနဲ့ မင်းနာမည်ကဘယ်သူလဲ ငါကရော ဘာဖြစ်လို့ ဒီနေရာကိုရောက်နေရတာလဲ တစ်ချက်လောက်ပြောပြလို့ရမလား"
'ဟုတ်ရပါတယ် hostက မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့လေလွင့်ဝိညာဉ်လေးပါ သေဆုံးရမယ့်အချိန်မတိုင်ခင်သေဆုံးသွားခဲ့တဲ့အတွက် ကျွန်တော်တို့ yellow systemနဲ့ ချိတ်ဆက်မိခြင်းပါ'
"အော် ငါကအခုဘာလုပ်ရမှာလဲ ?"
'hostကပုံရိပ်ယောင်ကမ္ဘာတွေထဲက မတရားခံရတဲ့ သူတွေရဲ့ခန္ဓာကိုယ်ထဲဝင်ပြီး သူတို့ရဲ့မပြီးမြောက်သေးတဲ့ဆန္ဒတွေပြည့်ဝအောင်ဆောင်ရွက်ပေးရမှာပါ ပြီးရင် ...'
"ပြီးရင်ဘာဖြစ်လဲ?"
'ကျန်တာက နောက်မှဆက်ပြောပါမယ် host '
"အော် အင်း အင်း ဒါနဲ့ မင်းမှာနာမည်ရှိလား ?"
'ကျွန်တော်ကsystemဖြစ်တဲ့အတွက် နာမည်မရှိပါဘူး host'
"အဲ့ဆို မင်းကို ရှောင်လေးလို့ခေါ်မယ်"
Systemလေးမှာ မျက်ရည်တွေရစ်သိုင်းလို့ ငိုသံလေးနဲ့
'Hostကတကယ်ကိုကောင်းတဲ့သူပါပဲ အခြား hostတွေနဲ့မတူဘူး'
"အာ အင်းပါ "
'အဲ့ဆို host ပထမကမ္ဘာအတွက် ပညာရပ်တွေသင်ကြားရပါမယ်'
"အင်း"
'အချက်အပြုတ်
အတိုက်အခိုက်
ဆေးပညာ တစ်ခုရွေးပါ host'"ဆေးပညာရွေးမယ်"
'ကောင်းပါပြီ host မှတ်ဉာဏ်စတင်ကူးပြောင်းနေပါပြီ နောက်ကမ္ဘာတွေကျ hostကိုယ်တိုင်သင်ကြားရေးအခန်းထဲဝင်ပြီးသင်ယူရမှာပါ '
'1,2,3,.................100 မှတ်ဉာဏ်ကူးပြောင်းပြီးပါပြီ'
'Host ပထမကမ္ဘာထဲဝင်တော့မလားဗျ'
"အင်းရှောင်လေး"
'ပထမကမ္ဘာသို့ ဝိဉာဉ်စတင်ကူးပြောင်းနေပါပြီ ပထမကမ္ဘာမို့ အနည်းငယ်နာပါမယ်host'
System လေးရဲ့စကားသံအဆုံး ရှောင်ကျန့်ကမ္ဘာဟာတဖန်အမှောင်အတိ
ထို့နောက် spaceထဲသို့ဝင်လာသောလူတစ်ယောက်နဲ့အတူ လူငယ်လေးတစ်ယောက်အဖြစ်ပြောင်းလဲသွားသောsystemလေး
'ခမည်းတော် မယ်တော်က သားတော်ကို နာမည်ပေးသွားတယ် ရှောင်လေးတဲ့'
"အင်း "
'သားဖြင့်အရမ်းပျော်တာပဲ ဒါနဲ့ ခမည်းတော်ပါလိုက်သွားမှာလား'
"အင်း မင်းမယ်တော်တစ်စုံတစ်ရာပြဿနာထပ်ဖြစ်မှာစိုးလို့"
'ဟုတ်ကဲ့ ခုသွားတော့လေ ခမည်းတော် မယ်တော်လည်း ဝိညာဉ်ကူးပြောင်းပြီးလောက်ပြီ'
"အင်း"
ထို့နောက်ရုတ်တရက်ပျောက်ကွယ်သွားသော ထိုလူနဲ့ systemလေး
ဇာတ်လမ်းကတော့စပြီနော်
ခုမှစရေးတာမို့ အရေးအသားမကောင်းမှန်းသိပါတယ်
ಥ_ಥ ဖတ်တဲ့သူတစ်ယောက်လောက်ရှိရင်ကိုပျော်ပါပြီ
YOU ARE READING
Who Am I???
Fanfictionyizhan system ficလေးပါနော် ပထမဆုံးစရေးတဲ့အတွက် အရေးအသားမကောင်းပါဘူး သည်းခံဖတ်ပေးကြပါနော်