The boy who don't know his feelings
Unicode
ကိုယ့်ခံစားချက်ကိုတောင် ကိုယ်မသိတဲ့လူက သနားစရာ အကောင်းဆုံးလူပါပဲ။
JiHoonပုံမှန်နေ့တွေလိုပင် Studioထဲမှာရှိနေချိန်မှာ SoonYoungကရောက်လာပြန်သည်။
"ငါ့ဆီကို မလာဖို့ ပြောထားတယ်လေ"
"ကိုယ့်လူဆီ ကိုယ်မလာတော့ ဘယ်သွားရမှာလဲ"
"သွားချင်တဲ့နေရာသွားကွာ ငါ့ဆီမလာရင်ပြီးရော"
SoonYoungက သူရဲ့ငြင်းဆန်နေမြဲဖြစ်တဲ့ စကားတွေကို ကြားနေရတာ နေသားကျနေသည့်ပုံပင်။ SoonYoungလက်ထဲက သူကိုယ်တိုင်လုပ်ထားတဲ့ ထမင်းဗူးကို စားပွဲပေါ်တင်လိုက်ပြီး JiHoonနားကို လျှောက်လာလျက် ခေါင်းကိုဆွဲဖွလိုက်သည်။
"LeeJiHoonကတော့ဗျာ အမြဲတမ်း ဒီလူကို ငြင်းဆန်နိုင်လွန်းတယ်""မင်းမို့လို့ ငြင်းဆန်နေတာပေါ့" သူ့ခေါင်းပေါ်မှာရှိနေတဲ့ SoonYoungရဲ့ လက်ကိုပုတ်ထုတ်လိုက်ပြီးနောက် စားပွဲမှာထိုင်လိုက်ပြီး သူယူလာတဲ့ ထမင်းဗူးကို ဖွင့်လိုက်သည်။ အထပ်၃ထပ်လောက်ပါတဲ့ ထမင်းဗူးထဲမှာ သူသဘောကျတဲ့ ဟင်းအမယ်အချို့လည်းပါသလို ထမင်းစားပြီးနောက် အချိုတည်းရန်ပင် သစ်သီးအချို့ပါသေးသည်။
SoonYoungကဒီလိုမျိုး အ လိုက်သိတဲ့သူဖြစ်သည်။ သူဘာကို သဘောကျတယ် သူဘာစားရတာ ကြိုက်တယ် သူဘယ်နေရာ သွားရတာ ကြိုက်တယ် ဘာတွေကို လုပ်လာရင် သူသဘောမကျဘူးဆိုတာမျိုးတွေကို မှတ်ထားသည်။ သူ့ကို ချစ်တယ်ဟုဆိုတာ တစ်ကောက်ကောက်လိုက်ရင်း တွဲကပ်နေလေ့ရှိသည်။ Studioထဲ နေ့တိုင်းလာသည်။ အားလပ်ရက်တွေမှာ သူသဘောကျတဲ့ နေရာတွေကို ခေါ်သွားပေးလေ့ ရှိသေးသည်။
သူအမြဲ ငြင်းဆန်တဲ့ စကားကိုဆိုပင်မဲ့ SoonYoungရဲ့ အပြုအမူတွေကို လက်ခံပေးသည်။ SoonYoungကို နာကျင်စေတဲ့ စကားတွေပြောမိရင် ပြုံးရင်း"ကိုယ့်ကိုငြင်းဆန်နေပြန်ပြီ"ဆိုကာ သူ့ကို ကြည့်နေတတ်သည်။ SoonYoungထံမှ သူ့ကိုအသေးစိတ်လေးမှ စ၍ ဂရုစိုက်ခံရတာကို သဘောကျပင်မဲ့ SoonYoungကိုတော့ သဘောမကျပေ။ ဘာကြောင့်လဲလို့ မေးရင် မင်းဖြစ်နေလို့ဟုသော အကြောင်းပြချက်မှလွဲ၍ ဘာမှမရှိပေ။ SoonYoungဆိုတဲ့ သူကို သူဘယ်တော့မှ သဘောကျလာမည်မဟုတ်ပေ။