🦋1🦋

790 56 6
                                    

[For Unicode]

(3 rd person pov : Jiwoong)

ဂျီအွန်း သစ်သားလှေပေါ်ကနေ ငုံ့ပြီး ခြေဗလာနဲ့ ရေတိမ်ပိုင်းအောက်က သဲနုနုလေးတွေကို စမ်းကြည့်လိုက်သည်။

နေရောင်က ပုံမှန်အတိုင်း ဂျီဝန်းကို လုံးဝ ဂရုမစိုက်။ ကောင်းကင်ကြီးက မှောင်မဲအုံ့မှိုင်းနေတာကြောင့် ပင်လယ်ပြင်ကပါ မည်းမှောင်လာသည်။ အလိမ့်လိုက်တက်လာတဲ့ လှိုင်းလုံးကြီးတွေက မုန်တိုင်းတိုက်တော့မယ့် အရိပ်အယောင်ကို ပြ‌နေပြီ။

ဂျီအွန်း သူ့‌လှေကို ကမန်းကတန်း ကမ်းပေါ် တွန်းကာ တိုင်တစ်တိုင်မှာ ခပ်တင်းတင်းချည်လိုက်
သည်။

လှိုင်းလုံးတွေရဲ့ ပြင်းထန်တဲ့ရေစီးကြောင်းက သူ့ရဲ့ဒူးထိတောင် လာရိုက်နေတော့ဟန်ချက်မပျက်အောင် သူ့ခန္ဓာကိုယ်ကို သေချာထိန်းလိုက်သည်။

ကမ်းပေါ်ကို လွတ်လွတ်ကင်းကင်းရောက်တော့ တစ်နေ့လုံး ဖမ်းမိတဲ့ ငါးပုံးကိုယူကာ ဘေးကင်းလုံခြုံစွာ တည်ရှိနေတဲ့ သူ့ရဲ့ ခိုင်ခံ့တဲ့ အိမ်ထဲကို ဝင်လိုက်သည်။

အိမ်ကိုပြန်ရောက်တိုင်း အေးစက်ပြီး အထီးကျန်သလို ခံစားရသည်။

နွေးထွေးမှုဆိုတာက ဒီနေရာကို ဘယ်တုန်းကမှ မလွှမ်းမိုးခဲ့...

နွေးထွေးမှုဆိုတာ သူဘာမှန်းမသိ...

ကျွန်းပေါ်မှာ သူတစ်ယောက်တည်း...

ဂျီအွန်းရယ် ၊ သူဖမ်းမိလို့ရတဲ့ငါးတွေပဲရှိသည်။

ဂျီအွန်း သူ ချစ်ရတဲ့သူနဲ့အတူ စွန့်စားခန်းတွေဖွင့်ပြီး အမှတ်တရတွေ ဖန်တီးခွင့်ရဖို့ သူ အမြဲတမ်း တောင့်တမိသည်။

သူ့ရဲ့ဘဝက ငြီးငွေ့ဖွယ်ကောင်းပြီး ထပ်ခါတလဲလဲ လုပ်ရိုးလုပ်စဉ်တစ်ခုတည်းမှာပဲ နစ်မြုပ်နေခဲ့သည်။

ပုံးအလွတ်နှစ်ပုံးကို လှမ်းကိုင်လိုက်ရင်း ဂျီဝန်း သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အသုံးပြုဖို့ မိုးရေအချို့ကို သိုလှောင်ရန်အတွက် တံခါးအပြင်ဘက်မှာ ထားကာ မိုးရေခံလိုက်သည်။

တံခါးကိုပိတ်ပြီး ပြတင်းပေါက်တွေကို နှစ်ခါပြန်စစ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

အားလုံးသော့ခတ်ထားကြောင်း သေချာကြည့်ပြီးနောက်၊ ထင်းနှစ်တုံးကို မီးဖိုပေါ် ပစ်ချပြီး မီးညှိလိုက်သည်။

အခု မီးလင်းဖိုကမီးကြောင့် ဂျီအွန်းရဲ့ အိမ်တစ်အိမ်လုံး လင်းထိန်သွားသည်။

ပြီးတော့ ဂျီအွန်း ညစာအတွက် ငါးဟင်းချိုချက်ဖို့ မီးဖိုခန်းထဲ သွားလိုက်သည်။

ဟင်းချက်ကောင်းတဲ့ ချစ်သူက အိမ်တံခါးအဝကနေ သူ ပြန်အလာကို စောင့်ကာ ကြိုဆိုပြီး အတူတူထမင်းစားတဲ့နေ့က ဘယ်တော့များမှ ရောက်လာမလဲလို့ ဂျီအွန်း ဟင်းချက်တိုင်း တွေးသည်။

ဂျီအွန်း ညစာကို တစ်ယောက်တည်း အထီးကျန်ကျန် စားပြီးတဲ့နောက် အိပ်ယာမဝင်ခင် ရေချိုးလိုက်သည်။

ဂျီအွန်း အခု သူ့အိမ်ခေါင်မိုးပေါ်မှာ ကျယ်လောင်စွာ ရွာသွန်းနေတဲ့ မိုးရေတွေကြောင့် အိပ်ရခက်‌
နေသည်။

“ငါ ဒီလိုမုန်တိုင်းမျိုး ကြုံဖူးတာပဲ အိပ်ပျော်အောင်အိပ် ကင်မ်ဂျီအွန်း” ဂျီအွန်း သူ့ကိုယ်သူ သတိပေးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

စိတ်ထဲမှာ ပေါ်လာတဲ့ နာကျင်စရာ မှတ်ဉာဏ်တွေကို ပခုံးတွန့်လိုက်ရင်း သူ့တစ်ကိုယ်လုံးကို စောင်နဲ့ ဖုံးအုပ်လိုက်သည်။

နက်ဖြန်ဘာဖြစ်လာမလဲကိုမသိဘဲ အမှောင်ထဲ မြူးတူးကခုန်နေတဲ့အသံများကြားထဲ အိပ်ပျော်အောင်သာ အိပ်လိုက်တော့သည်။

_____

[A/N : တစ်ပိုင်းတစ်ပိုင်းကို တိုတိုလေးပဲ ရေးထားပါတယ် များရင်ဖတ်ချင်မှာစိုးလို့ပါ
နောက်ပြီး ဒါကပထမဆုံးစမ်းရေးဖူးတဲ့ zb1 fic ပါ zb1 မှာ အစ်မ ship တာ နှစ်တွဲမို့လို့ နောက် otp ရဲ့ fic ကိုလည်း ထပ်တင်ပေးပါ့မယ် လူကြိုက်နည်းတဲ့ otp ကို stan တဲ့ team ကမို့လို့ အဆင်ပြေရင်တော့ ဖတ်ကြပါနဲ့နော် 😘]
_____

[For Zawgyi]

Wɑnnɑ Grow Old With YOUWhere stories live. Discover now