🐼4🐼

215 46 1
                                    

[For Unicode]

(3rd person pov : Hao)

"အကို့နာမည်က ဂျီအွန်းပါ"လူကြီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး ဟာအိုဘေးမှာ ဝင်ထိုင်လိုက်သည်။

"ငါ... ဟာအို" ဟာအို သူ့နာမည်ကို ပြောပြဖို့ နည်းနည်း ချီတုံချတုံ ဖြစ်နေပေမယ့် ဂျီအွန်းဆိုတဲ့လူက သူ့ရဲ့မိတ်ဖက်ဟုတ်လား မဟုတ်လားဆိုတာစမ်းသပ်ဖို့ ဂျီအွန်းအနားကပ်ထိုင်ကာ မသိမသာ အနံ့ခံလိုက်သည်။

မွှေးကြိုင်ချိုမြိန်တဲ့ရနံ့က ဂျီအွန်းဆီကနေ တကယ်ထွက်လို့လာသည်။

ဟာအို ရနံ့ခံနေတာကို ဂျီအွန်းက သတိထားမိလို့ထင်ရဲ့ ဂျီအွန်းပြုံးပြတော့ သူ နဂိုအနေအထားအတိုင်း ပြန်ထိုင်လိုက်သည်။

ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ငါသူ့ကိုစောင့်နေခဲ့တာ နှစ်ပေါင်းရာကျော်နေပြီ သူ့ကိုမရှိခဲ့ဘူး ဒါမှမဟုတ် သေသွားပြီလို့ ထင်ခဲ့တာလေ

ဂျီအွန်းက ဂွမ်းစတစ်ခုကို ယူပြီး ဟာအိုရဲ့ ကုတ်ရာတွေကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ဆေးထည့်နေပြန်သည်။

ရုတ်တရက် ဟာအို အပြစ်ရှိသလို ခံစားလိုက်ရသည်။

အသုံးကျတဲ့ ဟာအို မင်းမိတ်ဖက်ကို မင်း နာကျင်အောင် လုပ်မိတာလား?

အဲဒီအတွေးကြောင့် ဟာအို သူ့ရဲ့နှုတ်ခမ်းကို စူလိုက်သည်။ ပြီးတော့ သူ အဖြူရောင်ဘူးထဲ သေချာကြည့်လိုက်ပြီး ရှာတွေ့တဲ့ပတ်တီးအချို့ကို ယူလိုက်သည်။

ဂျီအွန်းက ဟာအို့ကို စူးစူးရဲရဲ စိုက်ကြည့်ပေမယ့်
ဂျီအွန်းအနား ပြန်ကပ်ထိုင်တာကိုတော့ ဂျီအွန်း မတားခဲ့ပေ။

ဂျီအွန်းရဲ့ရင်ဘတ်ကို ပတ်တီးနဲ့ တင်းတင်းပတ်ရင်း ဂျီအွန်းကို ကြည့်လိုက်ပြီး "တောင်းပန်ပါတယ်" လို့ ဟာအို တိုးတိုးလေး ပြောလိုက်သည်။

"မတောင်းပန်နဲ့ ရပါတယ် လုံးဝခန့်မှန်းလို့မရတဲ့ အန္တရာယ်တွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ - ဒါပေမယ့် ယုံနော် အကို မင်းကို ထိခိုက်‌အောင် ဘာမှ မလုပ်ဘူး"

ဟာအို ဘာမှဆက်မပြောဘဲ ဂျီအွန်းရဲ့ရင်ဘတ်နဲ့ လက်နှစ်ဖက်ကို ပတ်တီးနဲ့ အမြန်ပြီးအောင် ပတ်လိုက်သည်။

ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဂျီအွန်း ထရပ်လိုက်သည်။

"ဗိုက်ဆာနေပြီလား?" ဂျီအွန်းမေးတော့ ဟာအို ခေါင်းညိမ့်လိုက်သည်။

ဟုတ်တယ်လေ မနေ့ညက မကောင်းတဲ့ပိုက်ကွန်မှာ ဖမ်းမိပြီးကတည်းက ဘာမှမစားရသေးဘူး

"ပုဇွန်စားလား ခရုရော?" ထိုမေးခွန်းကြောင့် ဟာအို မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။

သူက ငတုံးလား? ငါက ရေသူထီးလေ အဲ့ဒါတွေ ကျိန်းသေစားတာပေါ့

ဒါပေမယ့် ဟာအို ယဉ်ကျေးစွာ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

ဂျီအွန်းက ဘာမှ ထွေထွေထူးထူး မပြောတော့ဘဲ ဟာအို့ကို တစ်ယောက်တည်းထားပြီး မီးဖိုချောင်ထဲဝင်သွားတော့ ဟာအို ထပ်ပြီးမျက်မှောင်ကြုံ့မိပြန်သည်။

ငါ သူ့နောက်ကို လိုက်သင့်လား?

ဟာအို ဆုံးဖြတ်ချက်မချခင် သူ့စိတ်ထဲမှာတင် ခဏလောက် အခြေအတင် ဆွေးနွေးခဲ့သည်။

ဂျီအွန်း ထမင်းဟင်းချက်နေတုန်း ဟာအို သူ့ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ပြီးတော့ ဟာအို ချက်ချင်းပဲ ကောက်ချက်ချလိုက်သည်။

သူက တရားကို ဆွဲဆောင်မှုရှိတာပဲ

အိုး ပါးစပ်ပိတ်ထားကောင်းတဲ့ ဟော်မုန်းတွေ

_____

[A/N : bold ထားတာတွေက စိတ်ထဲကနေ ပြောနေတာတွေပါ ဖတ်ရင်းနဲ့ ရူပ်သွားမှာစိုးလို့ 🥰 ]

Wɑnnɑ Grow Old With YOUWhere stories live. Discover now