ဒုတိယံပိ ချစ်ခြင်းတွေပါ...
ဒုတိယံပိ လျစ်လျူရှုခံရပြန်တယ်
ဒုတိယံပိ ရင်မနာနိုင်တော့ဘူး
ဘာအကြောင်းနဲ့ဖြစ်ဖြစ် တောင်းပန်ခြင်းတွေနဲ့ စွန့်လွှတ်လိုက်ပါ့မယ်
ခွင့်လွှတ်ပါ ခလေးလေး
မကြင်နာသူလက်က လွတ်အောင်ပြေးတဲ့နေရာမှာ တန်ဆာခံဖြစ်ခဲ့ရတဲ့အတွက်
အနူးအညွန့်တောင်းပန်ပါတယ် ခလေးလေး
ခွင့်လွှတ်ပါလို့ မတောင်းဆိုရက်ပါဘူး
နောက်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလူနှစ်ယောက်နဲ့ ဘယ်တော့မှ မဆုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်
မရက်စက်နိုင်ပေမယ့် ရက်စက်လိုက်ရတဲ့ ဟောဒီ မိခင်ရင်မှာ ခွဲသာလာကြည့်ပါ ခလေးလေး
23.11.2021 (10:49AM)

YOU ARE READING
ယတြာ
Разноеနှလုံးသားကို အစုန်အဆန် ဖက်တွယ်ရင်း ရလာသမျှ ရင်ကွဲနာက ဘယ်လို ယတြာမျိုးနဲ့ ပျောက်မလဲ