Intro Zawgyi

3.9K 28 5
                                    


Zawgyi

Mature sence​တွေအပြင်​ 18+ senceများပါဝင်​နိုင်​ပါသဖြင့်​ ငယ်​​သူ​လေးတို့မဖတ်​ကြပါဖို့​ပြောချင်​ပါတယ်

🚨

🚨

🚨

🚨

🚨




"Knock knock"

အထဲကဘာမှတုံ့ပြန်​သံမှ ပြန်မလာ​ပေမယ့်​အခန်း​ရှေ့က စားပွဲထိုးမ​လေးက တံခါးနှစ်​ချက်​ခန့်​​ခေါက်​ပြီး​တာနဲ့ အထဲကိုဝင်​​ရောက်​သွားသည်​။အခန်းထဲတွင်​ဘယ်​သူမှမရှိ​နေဘဲ ထိန်​ထိန်​လင်းကာ အလှကုန်​ပစ္စည်းများဖြင့်​​ပြည့်​နှက်​​နေတဲ့အခန်းက ကြည့်​လိုက်​တာနဲ့အလှပြင်​ခန်းမှန်းသိသာလှတယ်

သူမလက်​ထဲကစာကို အခန်းထဲကမှန်​တင်​ခုံကြီး​ပေါ်မှာ ​သေ​သေချာချာ​လေးတင်​ပြီးတာနဲ့ စားပွဲထိုးမ​လေးကြာကြာမ​နေရဲဘဲ ခပ်​သုတ်​သုတ်​ပြန်​ထွက်​သွား​လေ​တယ်

ငြိမ်​သက်​​နေတဲ့အခန်းထဲက အ​မှောင်​ဘက်​ခြမ်းကျ​နေတဲ့ ဝရန်​နာဘက်​မှာ တစ်​စုံတစ်​ဦးရှိ​နေတယ်​။ ထိုသူဆိုတာက တုနှိုင်းမဲ့အလှတရား​တွေနဲ့ပြည့်​နှက်​​​​နေတဲ့ အမျိုးသမီးတစ်​​ယောက်​ဘဲ!

ရွှေအို​ရောင်​ဆံပင်​ အပြာလဲ့လဲ့မျက်​ဝန်း​တွေနဲ့ နှင်းဆီဖူးလိုနှုတ်​ခမ်းပိုင်​ရှင်​ ရှိုက်​ကြီးရင်​ဖိုအသွယ်​သွယ်​နဲ့လှပလွန်းတဲ့သူမက ပုရိသတို့ကိုလှည့်​စားလွန်းတတ်​တယ်​တဲ့

ကောက်​​ကြောင်း​ပေါ်ကြိုးတစ်​လုံးဂါဝန်​ကိုဝတ်​ဆင်​ထားပြီး ​​ဖြောင့်​စင်းသွယ်​တန်းလှတဲ့ သူမရဲ့လက်​​ချောင်းလှလှ​တွေနဲ့ မှန်​တင်​ခုံ​ရှေ့ကစာကို လှမ်းယူကာဖတ်​လိုက်​တယ်

ပြီး​တော့သူမကိုယ်​သူမ မှန်​မှာပြန်​ကြည့်​လိုက်​ရင်း ဆွဲ​ဆောင်​မှုအပြည့်​နဲ့လှပတဲ့အပြုံးကိုပန်​ဆင်​လိုက်​ကာ တစ်​လှမ်းချင်းအခန်းထဲမှထွက်​သွား​လေတယ်​..

🍒🍒🍒🍒🍒🍒🍒🍒

#May

အာဝါး စိတ်​ကူး​ပေါက်​လာလို့ချ​ရေးလိုက်​တာ အ​ရှေ့ကဟာ​လေး​တွေရှိ​သေးလို့ နဲနဲ​တော့ကြာဦးမှာပါ

ဘယ်​လိုလဲ​ရော ငယ်​​လေး​တို့သ​ဘောကျရင်​​ မေဆက်​​ရေးဖြစ်​မယ်​ထင်​တယ် Oh! အသက်​မပြည့်​တဲ့​ဘေဘီ​လေး​တွေမဖတ်​ရ ဥထားရန်

Just need you // မောင့်​​ခြေ​တော်​တင်​ (OC)Where stories live. Discover now