မနက်စောစောမို့ စိမ့်၍အေးနေသည်။
စောင်ပုံထဲက ရုန်းထွက်ရမည့်အရေးသည်
ကျားမြှီးပြေးဆွဲရမှာထက် ခက်လှသည်။ငှက်ကလေးတွေရဲ့ ပကျိပကျိသာယာသံကိုလည်း
အရသာခံ နားမထောင်နိုင်။အောက်ထပ်က
အမေ့အော်သံ ဆာဆာကသာ ကြီးစိုးနေသည်။ပြတင်းတံခါးကို လှစ်ဟလိုက်တော့
ဆောင်းလေက အားပါးတရနှုတ်ဆက်သည်။
ဟိုဟိုဒီဒီမစဥ်းစာဘဲ ဂျိန်းခနဲအသံမြည်အောင်
ပြန်ပိတ်လိုက်သည်။အင်း...စောက်လုပ်မရှိ စောက်ကိုင်မရှိ ခပ်စောစောထရသည့် ဆောင်းနံနက်တွေကို သူသိပ်မုန်းပါသည်။
"ဟဲ့!! ဝေယံ နင်ဆင်းမလာသေးဘူးလား"
အမွှန်းတင်ရမည်။ပင်စင်စား ဒုကျောင်းအုပ် မေမေ၏ အသံသည် ငယ်ရွယ်စဥ်တုန်းကလို
မာနေဆဲ။ခုနှစ်အိမ်ကျော်က ကြားနိုင်သလို...
ဟိုဘက် ၂ လမ်းကျော်က လူတွေလည်း အပြည့်အ၀ နားသောတဆင်နိုင်ပေသည်။"ဝေယံစိုးမိုး!!! "
"ဘာလဲ...အမေဒေါ် ကြင်သိန်းရေ !!"
ရောင်းသူ၀ယ်သူ အသံတူပင်။
ဒီသားအမိနှစ်ယောက် ကီးကိုက်သည်။အမေက ပြဲလျှင် ဝေယံက သူ့အမေထက် နှစ်ဆ
ပိုပြဲပြပါလိမ့်မည်။ဝေယံတို့ကို ဒါမျိုးတော့ သွားကြော၍ မရပေ။ဝေယံသည် အချဥ်မဟုတ်။အိမ်သာထဲက ကိစ္စလက်စသတ်ပြီးတော့
ရေကိုင်ရမည့် လက်သည် တုန်တုန်ရီရီ။"ဘုရား တရားမလို့ သိပ်မအေးပါစေနဲ့"
ဆုတောင်းများသည် မပြည့်ခဲ့။
ဝေယံစိုးမိုးခမျာ တစ်ကိုယ်လုံးကို ကျဥ်ခနဲ။ငယ်ငယ်ကတည်းက ရေချိုးမယ်ဆိုရင်
တစ်အိမ်လုံးပတ်ပတ်ပြေးခဲ့ဖူးသော
ကောင်ကလေးသည်...
ဆောင်းနံနက်တွင် ရေကိုင်ရမည်ကို
မတရား ပေါက်နေခဲ့ပါသည်။"ငါ-ိုးမဆောင်း ငါ့ဠီးထဲမှပဲ"
ပီယ၀ါစာ ချစ်ဖွယ်သော စကားလေးများကို
အားပါးတရဆိုပြီးသည့်နောက်...
အောက်ထပ်က အမေ့ဆီ ပြေးဆင်းရပါသည်။
ရှုပ်ပွနေသည့် အိပ်ယာဖြူဖြူလေးကိုလည်း
သိမ်းမအားတော့။