Unicode 𑁤.

1.3K 117 14
                                    

𝚂𝚠𝚎𝚎𝚝 & 𝚂𝚒𝚖𝚙𝚕𝚎 ᥫ᭡.


zsww
zhanyi
happyending


“ ခင်ဗျား .. တကယ်သေချာလား .. ”

“ သေချာလွန်းတာမှ ဆယ်ခါပြန်ပဲ .. ”

နှစ်ယောက်သားရဲ့ မီးဝင်းဝင်းတောက်အကြည့်တွေက တကယ်သေလောက်တယ် .. ။

မင်းတို့သာ အနားမှာရှိရင် နေရာတင် လောင်ကျွမ်းပြာကျသွားမှာ အသေအချာပဲ .. ။ ဒါမဲ့ မင်းတို့သာဆိုရင်‌တော့လည်း ခန္ဓာကိုယ်ကြီးမဟုတ်ဘဲ နှလုံးသားလေး အရည်ပျော်လောင်ကျွမ်းသွားတာပဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ .. ဟဲဟဲ .. ။

ထားပါတော့ .. ။
အခုက တကယ် လုံးဝကို အချေအတင်ဖြစ်နေတဲ့အချိန် .. ။ ဟာသတွေလုပ်ပြီး အရွှန်းတွေဖောက်နေလို့ လုံးဝမှ သင့်တော်မနေဘူး .. ။ နှစ်ဖက်လုံးက အလျှော့မပေးစတမ်းကို တင်းမာနေကြတာ .. ။


“ လုပ်စမ်း .. ခင်ဗျားစိတ်ကြိုက် .. ”

“ ဘင်းဂို .. ငါနိုင်ပြီ .. ”

“ ဖာ့ခ်ယူ .. ”

“ oh .. သင့်ခ်ယူ တူး .. ”


မျက်နှာတည့်တည့်ကြည့်ပြီး သူ့ရဲ့ခပ်ရွဲ့ရွဲ့အပြောမှာ .. လက်မထောင်နေတဲ့ အဲ့ဒီ့ဘဲကြီးရဲ့ လက်တစ်ဖက်ကို ဆောင့်ဆွဲယူလိုက်တယ် .. ။ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ‌သားရေကြိုးအမည်းရောင်လေးကို ကြမ်းကြမ်းရမ်းရမ်း ဆွဲဖြုတ်ပြီးတာနဲ့ လက်ကို အမှိုက်ပစ်သလို ပြန်လွှတ်ချတယ် .. ။

နောက် .. လည်ဂုတ်ထက် လျော့ရဲရဲ လျှောကျနေရာယူတဲ့ နက်ပြာရောင်ဆံတွေကို ဖြစ်သလိုစည်းနှောင်ပြီး နေရာက ထထွက်လာခဲ့လိုက်တော့တာပဲ .. ။

အရူးကောင် ရှောင်းကျန့် .. ။
အကြီးဖြစ်ပြီး အငယ်ကို အလျှော့ပေးရကောင်းမှန်းမသိဘူး .. ။


~~〜~~~~~〜~~~~~~𑁤.


“ ဝမ်ရိပေါ်ရာ ဝမ်ရိပေါ် .. ”

တစ်ကိုယ်တည်းရေရွတ်ရင်း စားပွဲအလယ်က တစ်လုံးတည်းသော သကြားလုံးဆီ အကြည့်ရောက်တယ် .. ။ ပြီးတော့ .. ဟိုဘက်ဒီဘက် နှစ်ပုံခွဲပုံထားတဲ့ သကြားလုံးပုံဆီ .. ။

𝚂𝚠𝚎𝚎𝚝 & 𝚂𝚒𝚖𝚙𝚕𝚎  ᥫ᭡.  𝙾𝚗𝚎 𝚂𝚑𝚘𝚝Where stories live. Discover now