7. Deliverance of the counter attack 逆袭之好孕人生 (Unicode)

621 41 22
                                    




{Attention Please: Yom ဆီက lInk တောင်းရင် Message ကနေ လာပြောပါနော်။ Comment ကဆိုရင် Link ချပေးလို့ မရလို့ပါ။ FB Page ကနေလည်း လာတောင်းလို့ရပါတယ်။}

7. Deliverance of the counter attack 逆袭之好孕人生

Exclaimer: Not Review! Overview & Spoiler Alert ‼️‼️‼️

Novel name:   A good Pregnant Life

Manhua Name: Deliverance of the Counter Attack

က YingCheShiXue ရဲ့ အပိုင်းပေါင်း ၃၂၅ ပိုင်းပါဝင်တဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်ပါတယ်။

Gong:  Qu Cheng (ချွီချန်းန်)

Shou:  Xu Cinian (ရွှီးစီနျန့်)

မျက်နှာ၂ဖက်နဲ့ အချစ်လုဖက်ဆိုတာ အဲ့လောက်ကြောက်စရာမကောင်းပါဘူး။ မျက်နှာ ၂ ဖက်နဲ့ သူပိုင်သမျှ လိုချင်နေတဲ့ ညီလေးရှိနေတာကမှ ကြောက်စရာပဲ။ သူ့ကြောင့် ရည်းစားကို အလုခံလိုက်ရရုံတင်မကဘူး။ ချစ်ရတဲ့ အဖိုးကလည်း အသေဆိုးနဲ့ သေရပြီး မိသားစု စီးပွားရေးတွေလည်း အသိမ်းခံလိုက်ရတယ်။ အဆိုးဆုံးကတော့ ထိုသူကြောင့် အဖမ်းခံလိုက်ရပြီး ထောင်ထဲ ပစ်သွင်းခံလိုက်ရတာပဲ။

ဒါပေမယ့် Xu cinian က ထောင်ထဲက မထွက်ခင် တစ်ညမှာပဲ လူတစ်ယောက်နဲ့ မှားဖြစ်ပြီး တစ်ညတာကုန်ဆုံးခဲ့တယ်။ ဘယ်သူသိမှာလဲ သူက ထောင်ထဲက ထွက်ပြီး ဘဝသစ် စတော့မှ ကလေးလေးရှိနေပြီဆိုတာ။ သူ့ရဲ့ ကံကြမ္မာကို တစ်ဖန်ပြန်လည်ဖန်တီးရင်း ကလေးလေးကို ပြုစုပျိုးထောင်ရင်း သူ့ကို ဒုက္ခပေးခဲ့တဲ့ ညီငယ်နဲ့ ရည်းစားဟောင်းကို ပြန်လက်တုံ့ပြန် ကလဲ့စားချေဖို့ ကြိုးစားရင်း ... ကလေးအဖေနဲ့ ပါ ပြန်လည်ဆုံတွေ့လာရတဲ့ အခါမှာတော့...

Xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဇာတ်လမ်းအကျဉ်း (Spoiler Alert) ‼️‼️‼️

Xu Cinian (ရွှီးစီနျန့်)က Xu မိသားစုရဲ့ အကြီးဆုံးသား။ သူက ကုမ္ပဏီအလုပ်တွေကို ကောင်းကောင်းကြီးကြပ်နိုင်ပြီး အရည်ချင်းရှိတဲ့ သူပေါ့။ တစ်နေ့ သူ အလုပ်ခရီးတစ်ခုက ပြန်ရောက်ရောက်လာချင်းပဲ သူ့ချစ်သူ Dong Feng (တုန်းဖန်း) ကြိုက်တဲ့ ပုစွန်ကြော်တွေ ဝယ်လာပြီး အိမ်ကို ပြန်လာခဲ့တယ်။ သူ့ကို ကြိုဆိုနေတာကတော့ သူ့ရဲ့ အိပ်ရာပေါ်မှာ သူ့ချစ်သူနဲ့ သူ့ရဲ့ တရားမဝင် ညီဖြစ်သူက ချစ်တင်းနှော နေကြတယ်။ အံ့ဩ တုန်လှုပ်သွားတဲ့ Xu Cinian က ဘာမှ မလုပ်ပေမယ့် သူ့ညီ Xu Xinnian (ရွှီး ရှင်းနျန့်) ကတော့ သူကို အရင်ဆုံး ဒူးဖက်တောင်းပန်ဟန်ပြုရင်း သူကပဲ ရိုက်လိုက်တဲ့ ပုံစံသရုပ်ဆောင်လိုက်လို့ Dong Feng က Xu Cinian ကို တောင် အော်လိုက်သေးတယ်။ ညီငယ်က ရိုးသားပြီးတော့ သူ့က အကိုဖြစ်ပြီး ခွင့်မလွှတ်နိုင်ဘဲ ရိုင်းစိုင်းတယ်ပေါ့လေ။ ဒီလို ဖောက်ပြန်ပြီး လူစိတ်မရှိတဲ့ အတွဲကို လစ်လျူရှုရင်း Xu Cinian အိမ်က ထွက်ခဲ့တယ်။

Danmei Adapted Manhua (မန်ဟွရှိသော ဝတ္ထုများ)Nơi câu chuyện tồn tại. Hãy khám phá bây giờ