"ဂျေးရား...စောင့်ဦးလေ!"ခြေလှမ်းတွေကို မှန်မှန်လှမ်းနေရင်းမှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။
အနားရောက်လာတဲ့ ခြေတစ်စုံနဲ့အတူ ပခုံးပေါ်လှမ်းတင်လိုက်တဲ့ လက်ကြောင့် မျက်ခုံးပင့် ကြည့်မိသည်ထင်။
"ဘာလို့ အစောကြီး ထွက်သွားတာလဲ ငါ့ကောင်ရ! ငါ့မှာ မသိဘဲ အိမ်ရှေ့မှာတောင် စောင့်နေသေးတာ။ အန်တီ ထွက်ပြောမှ သိတယ်"
အမောဖြေနေရင်း မကျေနပ်ဟန်နဲ့ ပြောလာသည့် ကောင်လေးကို တစ်ချက်ကြည့်လို့ ပြုံးမိသည်။
"ငါဒါလေး ထားရဦးမယ်လေ နီကိုးလ်ရာ နို့မို့ဆို နောက်ကျနေမှာ စိုးလို့"
လက်ထဲမှ ကိုင်လာသည့် အထုပ်လေးအားပြကာ ပြောလိုက်တော့ ထိုအရာအား သေချာ စူးစမ်းကြည့်နေသော နီကိုးလ်လပ်စ်။
"ဟ! ဒါက အရင်နေ့တွေက တံဆိပ်မဟုတ်ဘူးပဲ အရင်ဟာက ဝယ်မရလို့လား?"
အထုပ်လေးပေါ်က မျက်လုံးတွေကို မခွါသေးဘဲ မေးလာတော့ ခေါင်းသာ တစ်ချက်ခါပြမိသည်။
"မဟုတ်ပါဘူး! သူ ဒါလေးများပိုကြိုက်မလားလို့လေ"
အထုပ်လေးကို အနွေးထည်အိတ်ကပ်ထဲ အသာပြန်ထည့်ရင်း ပြောလိုက်တော့ သက်ပြင်းချသံတစ်ခုနဲ့အတူ ရှေ့မှ အရင်ထွက်သွားပြန်ပါသော နီကိုးလ်လပ်စ်။
"မင်းပဲ စောင့်ဦးဆိုပြီး အတူသွားမယ်လေ"
ရှေ့ကသူကို အမှီလိုက်ရင်း ပခုံးတစ်ချက်ဖက်လို့ ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။
"သွားစမ်း! သူငယ်ချင်းကို crush လောက်တောင် အဖက်မလုပ်တဲ့ကောင်! ဖယ်!"
YOU ARE READING
# CHOCOLATE CRUSH % SUNGJENG
Fanfiction"Give me back my chocolate ?, Hoon!" "may be after you kiss my lips..." • written in Burmese •