နံနက်ခင်း နေအတော်လင့်နေတာတောင်
ပိုပိုသာ တိုးလာတဲ့အအေးဒဏ်ကြောင့် cardigan တစ်ထည်သာ ဝတ်လာတဲ့ ကိုယ့်ကိုယ်ကို ဂျေး ကျိန်ဆဲမိသည်။ အနည်းငယ် တော်သေးသည်က ပိုထူတဲ့ တစ်ထည်ကို ဝတ်လာမိ၍သာ...။လက်နှစ်ဖက်မှာ ပစ္စည်းတွေပြည့်နေတဲ့ဂျေးက လျှောလျှောကျနေတဲ့ တစ်ဖက် လွယ်အိတ်ကြိုးကို ပြန်တင်ဖို့ရာ အခက်အခဲ ဖြစ်လျက်။ family case ကြောင့် ပထမအချိန် မတက်နိုင်တဲ့ နီကိုးလ်လည်း မရှိတော့ ဂျေးတစ်ယောက် ကောင်းကောင်းကြီးကို ကိုးရို့ကားယား နိုင်နေသည်။
*ဟာ...အကုန်လုံးကို ပစ်ချမိတော့မယ်*
လမ်းလည်ခေါင်ကြီး အေးကအေးကို တစ်ယောက်တည်း ကားယားကားယားနဲ့ ပတ်လည်ရိုက်နေတဲ့ ဂျေးဟာ မတတ်နိုင်တဲ့အဆုံးမှာတော့ လက်ထဲရှိသမျှ အရာတွေအကုန်လုံး မြေကြီးပေါ် ခဏချထားဖို့သာ တွေးမိတော့သည်။
ကုန်းကုန်းကွကွနဲ့ အလုပ်ရှုပ်နေတဲ့ဂျေးတစ်ယောက် ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်။
"ဒီလို သေချာဆွဲတင်ထားမှပေါ့"
ကိုယ့်ဟာကိုယ် ရှုပ်ရှပ်ခတ်နေတုန်း ခပ်အေးအေး စကားသံလေးကို ကြားလိုက်ရသည်။ ပြောလည်းပြော လက်ကလည်းမြန်တဲ့ ဆောင်းဟွန်းက ဂျေးရဲ့လွယ်အိတ်ကြိုးကို သေချာဆွဲတင်ပေးပြီးတော့ ဂျေးကို ပြုံးပြလာသည်။
"ပစ္စည်းတွေကလည်း များလိုက်တာ...
ငါကူသယ်ပေးရမလား"ဆောင်းဟွန်း ရောက်လာတာကိုတောင် မသိလို့ ကြောင်တောင်တောင်ဖြစ်နေတဲ့ဂျေးဟာ ကူညီပေးတဲ့သူကို ကျေးဇူးပဲ အရင်တင်ရမလား၊ လက်ထဲက ဟာတွေပဲ ကူသယ်ခိုင်းရမလား ဇဝေဇဝါ ထပ်အတွေးများနေတုန်း.....
YOU ARE READING
# CHOCOLATE CRUSH % SUNGJENG
Fanfiction"Give me back my chocolate ?, Hoon!" "may be after you kiss my lips..." • written in Burmese •