Chapter 6

315 28 0
                                    

Zawgyi...

သွေးဆောင်ဖျားယောင်းခြင်း

'အားကျန့်?? အိုး...အားချန်ရဲ့အမြွှာအစ်ကိုက ဒီမှာလား?' ရိပေါ် တွေးလိုက်တယ်။

ရိပေါ် ဘာမှမတတ်နိုင်တော့ဘဲ အပေါ်ထပ်ကို
တက်ကာ အားချန်ရဲ့အခန်းဆီကို သွားလိုက်တယ်။ တံခါးဖွင့်ခါနီးမှာပဲ သူ့အနောက်ကနေ တစ်စုံတစ်ယောက်က စကားပြောလာတယ်။

"ရိပေါ်? အစောကြီးရောက်နေတာပဲ" ရှောင်းကျန့် သမ်းဝေလိုက်ပြီး ရိပေါ်ဆီသွားကာ မေးစေ့ကို ရိပေါ်ရဲ့ပုခုံးပေါ် တင်လိုက်တယ်။

ရှောင်းကျန့် သူ့ရဲ့လက်တွေနဲ့ ရိပေါ်ရဲ့ခါးကို ဖက်လိုက်ပြီး ထပ်အိပ်ဖို့ မျက်လုံးမှိတ်လိုက်တယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရိပေါ်ကို ပွေ့ဖက်ရတာ သူ အဆင်ပြေနေပြီဖြစ်တယ်။

"မောနင်း... မင်း ဘယ်သွားနေတာလဲ?" ရိပေါ် ကျန့်ကို ဖက်ပြီး ပြောလိုက်တယ်။

"အိုး...ငါ...ရေချိုးခန်းထဲက ထွက်လာတာ"
ကျန့်ရဲ့အခန်းမှာ အိပ်နေတာလို့ သူ့ကို မပြောနိုင်ဘူး... ဆိုလိုတာက ငါ့နဂိုအခန်းမှာ အိပ်နေတယ်လို့လေ

"အောက်ထပ်မှာ စောင့်နေဦး..ရေချိုးပြီး အဝတ်အစားလဲလိုက်ဦးမယ်" ရှောင်းကျန့် ဖက်ထားရာက ခွာလိုက်တယ်။

"မင်းရဲ့အမေက ရှောင်းကျန့် ဒီမှာရောက်နေတယ်လို့ ပြောတယ်။ သူ့ကို နှိုးလိုက်ဦး"
ရှောင်းကျန့် ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ 'What the fuck?'

"အင်း.....ဟုတ်တယ်...ဟ..ဟ..ဟ..သူက ဒီမှာရှိတယ်။ ဒါပေမယ့် သူ ပင်ပန်းနေတယ်။ ရိပေါ် သိပါတယ်။ အလုပ်တွေ အရမ်းများတော့လေ ဟဟ..ဟဟ.." ရှောင်းကျန့် ကိုးရိုးကားယား ပြန်ဖြေလိုက်တော့ ရိပေါ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိတ်ပြတယ်။

"တကယ်လား? ဒါဆိုရင် ကောင်းပြီလေ။ အောက်ထပ်မှာ ကျွန်တော် မင်းကို စောင့်နေမယ်" ရိပေါ်က ပြောပြီး အောက်ထပ်ကို ဆင်းသွားတယ်။ ရှောင်းကျန့် ရိပေါ် အောက်ထပ်ဆင်းသွားတာကို ကြည့်နေလိုက်ပြီး မြင်ကွင်းထဲကနေ ပျောက်သွားတဲ့အချိန်ကျမှ သူ့အခန်းဆီ သွားလိုက်ကာ မြန်မြန်ဆန်ဆန် ရေချိုးပြီး အဝတ်အစား လဲလိုက်တယ်။

The Great Pretender [Completed]Where stories live. Discover now