Unicode
"၅လပိုင်းမေလကုန်ခါနီးတွင် ဝမ်ရိပေါ်နဲ့ရှောင်းရှောင်ကျန့်တို့ရဲ့တွဲခုတ်နေတဲ့သတင်းဟာအင်တာနက်ပေါ်မှာဂယက်ထစေခဲ့ပြီး လူတိုင်းရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ယခုအခါသရုပ်ဆောင်ဝမ်ရိပေါ်ရဲ့တရားဝင်အကောင့်ပေါ်၌ ၁၂လပိုင်း၌လက်ထပ်နိုင်ဖို့ပြင်ဆင်နေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဆိုတော်သရုပ်ဆောင်ရှောင်းရှောင်ကျန့် ရဲ့တရားဝင်အကောင့်မှာလည်း လက်ထပ်ပွဲအတွက်စိတ်လှုပ်ရှားနေကြောင်းပြောထားတဲ့စာနဲ့အတူစေ့စပ်လက်စွပ်နှင့်တကွပူးတွဲဖော်ပြလာပါတယ် "
အသံမှာတိကနဲပြတ်သွားပြီး အေးဂျင့် ရှုမင်ကremoteကိုအောက်ချလိုက်ကာ
"ဒီတလောအတွင်း ဇာတ်လမ်းတွေလက်မခံထားဘူးဆိုပေမဲ့ interviewတွေvariety showတွေတော့ရှိတယ် မင်းရဲ့မင်္ဂလာပွဲသတင်းကြောင့်ရှောင်ကျန့်နဲ့ interviewတွေshowတွေပိုများလိမ့်မယ်"
"အင်း သဘောပေါက်တယ်"
"interviewဖြေရင် ဘုနဲ့ဘောက်နဲ့ဖြေမနေနဲ့အုံး သူတို့ဘက်ကလွန်နေရင်တောင် ကြည့်ကောင်းအောင်ပြန်ပြောလိုက် မပြောချင်ရင်လည်းအင်း အမ်း သာလုပ်ပြီးပါးစပ်သာပိတ်နေလိုက် ပြန်လှန်ပြောမနေနဲ့ ကြားလား "
"အင်း"
သူ့စကားကိုအဖတ်မလုပ်ပဲ ဖုန်းအကြည့်မပျက်သောဝမ်ရိပေါ်ကြောင့် အေးဂျင့် ရှုမင်တစ်ယောက်ခေါင်းပင်ကိုက်လာသည်။သူ့ရဲ့တည့်တိုးဆန်ဆန်ပြောသောစကားများကြောင့် ရှုမင်မှာအမြဲရင်တထိတ်ထိတ်ရှိရသည်။တစ်ဖက်ကတစ်ခုခုမကျေမနပ်ဖြစ်သွားလျှင် မိမိ၏မင်းသားအားထိခိုက်လာမည်ကိုစိုးရိမ်ပါသည်။
"ရှောင်ကျန့်ကိုမင်းသွားခေါ်မှာလား"
"အင်း"
"သွားမယ်ဆိုလည်းသွားတော့ ကားပိတ်မှာနဲ့မီးပွိုင့်မိမှာနဲ့ "
"အကိုရှုကလိုက်မပို့ဘူးလား"
"အော် မင်းရဲ့မင်္ဂလာပွဲအခမ်းအနားကိစ္စကိုCEOနဲ့ဆွေးနွေးတိုင်ပင်ရအုံးမယ်လေ ခုတင်၁၀လပိုင်းကုန်တော့မယ် ၁၂လပိုင်းရောက်ဖို့၁လကျော်ကျော်ပဲလိုတော့တာ ဖိတ်စာတွေ၊မင်္ဂလာပွဲမှာသုံးမယ့်ပန်းတွေ၊ခုံတွေ၊စားပွဲတွေ ကျွေးမယ့်ဟာတွေ အဝတ်အစားဒီဇိုင်းတွေ အိုးးးစုံစိနေတာပဲ ပြင်စရာတွေ ၁လအတွင်းပြင်ရမှာနော် ပြီးတော့ CEOကိုကြည့်ရတာ မင်းတို့မင်္ဂလာဆောင်ပွဲကိုတိုက်ရိုက်ထုတ်လွှင့်ချင်ပုံပဲ စူးထန်ငါ့ကိုပြောတာကတော့ သူတိုက်ရိုက်ထုတ်လွှင့်ဖို့ရုပ်သံလိုင်းတွေချိတ်နေတယ်လို့ကြားတယ်တဲ့ အဲ့ကိစ္စငါသိရရင်ပြန်ပြောမယ် ငါသွားပြီ ကားသတိထားမောင်းအုံး မမောင်းချင်လည်း အိုက်ထျန်းသာခေါ်သွား"
YOU ARE READING
The Rule Of The Heart